တာချီလိတ်
ဇန်န၀ါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ
စက်ဘီးစီးအားကစားသမားများအဖွဲ့သည် ရွှေတြိဂံဒေသ ဆေးဖြတ်စခန်းမှ လူငယ်များ ပြန်လည်ထူထောင်ရေး
ရန်ပုံငွေအဖြစ် တာချီလိတ် - ပူတာအို ခရီးရှည် စက်ဘီးစီးနင်းခြင်းကို ယနေ့ဇန်နဝါရီလ
၂၀ ရက်၊ နံနက် ၇ နာရီက တာချီလိတ်မြို့မှ စတင်ထွက်ခွာကြောင်း
သိရသည်။
စက်ဘီးစီးအဖွဲ့အား
ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊
ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး
ဦးကျော်မော်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ရှမ်း(အရှေ့) စက်ဘီးအသင်း၊ တာချီလိတ်
Old Star အဖွဲ့၊ စက်ဘီးစီးဝါသနာရှင်များနှင့် အထက (တာချီလိတ်) ၏ ကျောင်းသားကျောင်းသူဟောင်းကြီးများက
ဂုဏ်ပြုအားပေးနှုတ်ဆက်ကြသည်။
ယင်း
ခရီးရှည်စက်ဘီးစီးနင်းခြင်းကို တာချီလိတ်မြို့မှ ကိုနေဇာ(Only Biker)နှင့်
ကိုခမ်းရှဲန်၊ Kyaing Tong Mountain Bike Group မှ ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမားနှင့်
ဦးချူးစိန်(ခ)ဦးရှီချွမ်ရှိန်တို့က ယနေ့စတင်ထွက်ခွာပြီး၊ ဇန်န၀ါရီလ ၂၁ ရက်နေ့ တွင်
Kyaing Tong Mountain Bike Group မှ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊
ဦးလှမြင့်မိုး(ခ)ကိုတူးနှင့် ဦးလောလူတို့နှင့် ပူးပေါင်း၍ စုစုပေါင်း (၇)ဦးအဖွဲ့ဖြင့် ကျိုင်းတုံမြို့မှ
ကချင်ပြည်နယ်၊ ပူတာအိုမြို့အထိ မိုင်ပေါင်း (၁၁၀၀) ကျော်အား ရက်ပေါင်း (၂၀) ကျော်ကြာ
ခရီးရှည်စီးနင်းမည်ဖြစ်သည်။
အဆိုပါ
စက်ဘီးစီးခရီးစဉ်အတွင်းရရှိသည့် အလှူငွေများအား ရွှေတြိဂံဒေသ ဆေးဖြတ်လူငယ်များ
ပြန်လည်ထူထောင်ရေး အတွက် တာချီလိတ်မြို့ ရန်ကုန်ရွာရှိ မိုင်းကိုးဆေးဖြတ်စခန်းသို့
လှူဒါန်းသွားမည်ဖြစ်ပြီး၊ စက်ဘီးစီးအဖွဲ့၏ လမ်း တစ်လျှောက် ကုန်ကျစရိတ်များနှင့်
တည်းခိုနေထိုင်ရန်၊ အပြန်ခရီးကုန်ကျမှုများအတွက် တာချီလိတ်မြို့ Johnny Fitness
Center နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊ J My King Hotel(တာချီလိတ်) မှ
ဦးစိုင်းဂျွန်ရီ၊ မန်းရတနာပုံလေကြောင်းလိုင်းမှ ဒေါ်နန်းပီယားရီ၊ Gerizim Hotel
Resort (Chaung Thar)၊ နန်းသီတာဟိုတယ် (မြစ်ကြီးနား)၊ ဟိုတယ်ပူတာအို၊ ဟိုတယ်
ရန်ကုန်တို့မှ ဦးစိုင်းဖီးလစ်ရီနှင့် ပျံလွှားလျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ ဦးစိုင်းရောဘတ်ရီတို့က
ထောက်ပံ့ပေးခြင်းဖြစ်ကာ မီဒီယာပိုင်းအတွက်
Tachileik News Agency (တာချီလိတ်သတင်းအေဂျင်စီ) က ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း
သိရသည်။
မြို့နယ်ပြန်/ဆက်

No comments:
Post a Comment