Saturday, January 20, 2018

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် သိန်း (၈၇၀) ကျော်ဖြင့် ကျေးလက်ကျန်းမာရေးဌာန/ ဌာနခွဲများ၏ အဆောက်အဦများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်မည်

ပုလဲ ဇန်န၀ါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်၌ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း အမျိုးသားကျန်းမာရေး စီမံကိန်း (၂၀၁၇-၂၀၂၁) ပထမနှစ်အတွက် ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများ၏ အဆောက်အဦများ ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၈၇၀ ကျော်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ပုလဲမြို့ ပြည်သူ့ဆေးရုံ၌  ဇန်န၀ါရီ ၁၉ ရက် မွန်းလွဲ  ၂ နာရီ  ၃၀ မိနစ်က ကျင်းပပြုလုပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဘဏ္ဍာနှစ်အတွင်း ပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။

ရှေးဦးစွာ ပုလဲမြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း အမျိုးသား ကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ပထမနှစ်အတွက် ပုလဲမြို့နယ်ရှိ လက်တောင်းကြီး ကျန်းမာရေးဌာန  ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းကို ငွေကျပ် ၄၆၉၀၀၀၀၊ မင်းတိုင်ပင်ကျန်းမာရေးဌာန ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ငွေကျပ်  ၄၆၀၀၀၀၀၊ လှော်ကားကျန်းမာရေးဌာန ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို  ငွေကျပ်  ၇၇၇၀၀၀၀၊ လဲကန်ကျန်းမာရေးဌာနခွဲ   ဆေးခန်းပြုပြင်ခြင်းလုပ်ငန်းကို ငွေကျပ်  ၆၄၄၀၀၀၀ နှင့် သားဖွားခန်း ဆောက်လုပ်ခြင်းလုပ်ငန်းကို ငွေကျပ် ၆၅၈၀၀၀၀၊ မရိုးတုန်းကျန်းမာရေးဌာနခွဲ ဆေးခန်းပြုပြင်ခြင်းလုပ်ငန်းကို ငွေကျပ် ၆၁၀၀၀၀ နှင့် သားဖွားခန်းဆောက်လုပ်ခြင်း လုပ်ငန်းကို ငွေကျပ် ၆၅၈၀၀၀၀၊ ဘန့်ဘွေးကျန်းမာရေးဌာနခွဲ ဆေးခန်းပြုပြင်ခြင်းလုပ်ငန်းကို ငွေကျပ် ၅၀၀၀၀၀ နှင့် သားဖွားခန်း ဆောက်လုပ်ခြင်းလုပ်ငန်းကို ငွေကျပ် ၆၅၈၀၀၀၀၊ အိုင်းမကျန်းမာရေးဌာနခွဲ    သားဖွားခန်း  ဆောက်လုပ်ခြင်း လုပ်ငန်းကို ငွေကျပ် ၆၅၈၀၀၀၀၊ နွယ်ရှောက်ကျန်းမာရေးဌာနခွဲ ဆေးခန်းပြုပြင်ခြင်းလုပ်ငန်းကို ငွေကျပ် ၃၄၀၀၀၀၀၊  ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းကို ငွေကျပ် ၅၄၉၀၀၀၀ နှင့် ရေစင်တည်ဆောက်ခြင်းလုပ်ငန်းကို ငွေကျပ် ၃၄၈၀၀၀၀၊ ရွာထင်ကျန်းမာရေးဌာနခွဲ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ငွေကျပ် ၄၆၃၀၀၀၀၊ ကြောင်သန်း ကျန်းမာရေးဌာနခွဲ ဂျင်းကျောက်ထည့်ခြင်း လုပ်ငန်းကို ငွေကျပ် ၈၀၀၀၀၀၊ ကန့်ဒေါင့်ကျန်းမာရေးဌာနခွဲ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ငွေကျပ် ၅၇၀၀၀၀၀၊ ဆင်ရှင်ကျန်းမာရေးဌာနခွဲ ဆေးခန်းပြုပြင်ခြင်းလုပ်ငန်းကို ငွေကျပ် ၁၀၈၀၀၀၀နှင့်  ခြံစည်းရိုးကာရံခြင်း လုပ်ငန်း ကို ငွေကျပ် ၄၆၃၀၀၀၀၊ ကြက်ရင်းကျန်းမာရေးဌာနခွဲ ဆေးခန်းပြုပြင်ခြင်းလုပ်ငန်းကို ငွေကျပ် ၇၄၀၀၀၀၀ စုစုပေါင်း ကျန်းမာရေးဌာန (၃)ခုနှင့် ကျန်းမာရေးဌာနခွဲ (၁၀) ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၈၇၅၄၀၀၀၀ ကို ဇန်န၀ါရီလအတွင်းက ထပ်မံချထားပေးခဲ့ရာ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးရေးနှင့် အရည်အသွေး  ပြည့်မီစေရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထိုနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်နှင့်  မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းတို့က မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြု ရန်ပုံငွေများ  ထပ်မံရရှိလာခြင်းကြောင့် ၀မ်းသာပီတိဖြစ်မိပါကြောင်း၊ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးရေးနှင့် အရည်အသွေး  စံချိန်စံညွှန်း ပြည့်မီစေရေးအတွက် ကျေးရွာများရှိအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်အတူ ၀ိုင်းဝန်းကူညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment