နေပြည်တော် ဇန်နဝါရီ ၂၀
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည်
ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် မန္တလေး တိုင်းဒေသ
ကြီးလွှတ်တော်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌအား မန္တလေးတိုင်းဒေသကြီး
လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဌေး၊ တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ်များနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက
တိုင်းဒေသကြီး လွှတ်တော်နှင့် စပ်လျဉ်း၍ လိုက်လံရှင်း လင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက
လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြရာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌမှ
လိုအပ် သည်များကို ရှင်းလင်းဆွေးနွေးမှာကြားခဲ့ ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment