Thursday, January 11, 2018

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၈) ကျင်းပ


နေပြည်တော်   ဇန်နဝါရီ ၁၁
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၈) ကို ဇန်နဝါရီ (၁၁) ရက် နံနက် ၉  နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့သည် ယနေ့အခါ တိုးတက် များပြားလာလျက်ရှိသော ပုဂ္ဂလိကကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း များမှ ပြည်သူများအား အရည်အသွေး ပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရေး အတွက် ထိန်းကျောင်းပေးသည့် အထူးအရေးပါသည့် အဖွဲ့ကြီးဖြစ်ပါကြောင်း၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၊ ဓါတ်ခွဲခန်းများစသည် တို့အား ထိန်းကျောင်းသည့် အခါတွင် ဆေးပညာဆိုင်ရာ ကျွမ်းကျင်မှုရှုထောင့် တစ်ခုတည်းမှမဟုတ်ဘဲ စည်ပင်သာယာအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့စသည့် အဖွဲ့တွင် ပါဝင်သူများ၏ကျွမ်း ကျင်မှုဆိုင်ရာ ရှုထောင့်အမြင်များသည် အလွန်အရေးပါသည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍ ယခုထက်ပိုမိုဖွံ့ဖြိုးပြီး ပြည်သူများ၏ကျန်းမာရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်၊ စနစ်တကျ၊ ကျင့်ဝတ်နှင့်အညီဖြစ်စေရန်နှင့် ပြည်သူများ အတွက် အကျိုးရှိမည့် အချက်များကို ဦးစားပေးစဉ်းစားဆုံးဖြတ် ရန်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ပြည်သူ့ကျန်း မာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က လုပ်ငန်း ဆောင်ရွက်ထားရှိမှု များအား တင်ပြရာ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေး ကြပြီး ပြည်ထောင်စုဝန်ကြီး က ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။ 
(သတင်းစဉ်)

No comments:

Post a Comment