Thursday, January 11, 2018

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ ချစ်ကြည်ရေး ခရီးရောက်ရှိ


ရန်ကုန် ဇန်န၀ါရီ ၁၁
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Taro KONO နှင့်အဖွဲ့သည် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့ ညနေ ၄  နာရီ မိနစ် ၂၀ တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုး နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ၊ တာတရှီဟီဂူချီ  နှင့်တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် ဧည့်သည်တော်အဖွဲ့သည် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ၊ ရေဝေးသုသာန်ဝင်းရှိ ဂျပန်စစ်သချုင်္ိင်းသို့သွားရောက် လေ့လာကြသည်။
ဧည့်သည်တော်အဖွဲ့သည် ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံသွားရန် စီစဉ်ထားကြောင်း။
ထို့အပြင် ဧည့်သည်တော်အဖွဲ့သည် ရန်ကုန် မြို့ရှိ သီလ၀ါ အထူးစီးပွားရေးဇုန်သို့ သွားရောက်ကြည့်ရှု လေ့လာပြီး ဂျပန်နိုင်ငံစီပွားရေး လုပ်ငန်းရှင်များနှင့်လည်း MELIA ဟိုတယ်၌တွေ့ဆုံသွားမည်ဖြစ်ကာ ရခိုင်ပြည်နယ် မောင်တောဒေသသို့လည်း သွားရောက်လေ့လာရန် စီစဉ်ထားကြောင်း သိရသည်။   
(သတင်းစဉ်)

No comments:

Post a Comment