နေပြည်တော် ဇန်န၀ါရီ ၇
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တင် ဦးဆောင်သော သတင်းမီဒီယာအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်မောင်တောဒေသ
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းသတင်း ရယူကြကြောင်း သိရသည်။
အဆိုပါ သတင်းမီဒီယာအဖွဲ့သည်
နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ၊ ကိုးတန်ကောက်ကျေးရွာနှင့် အင်းဒင်ကျေးရွာတို့သို့
ရောက်ရှိပြီး သတင်းရယူကြသည်။
မွန်းလွဲပိုင်းတွင်
မောင်တောမြို့နယ် ကျောက်ပန္ဒူ ပင်လယ်ကမ်းခြေနှင့် အလယ်သံကျော် ပင်လယ်ကမ်းခြေတို့ကို
သွားရောက်သတင်းယူကြသည်။
ထို့နောက် မောင်တောမြို့နယ်
ကိုင်းကြီး (မြို) ရွာသို့ ရောက်ရှိပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံထွန်းနှင့်
တွေ့ဆုံ၍ သိရှိလိုသည်များကို မေးမြန်းသတင်းရယူကြသည်။
ဆက်လက်၍ ကင်းချောင်းရွာ
ARG စိုက်ပျိုးရေးစခန်းသို့ သွားရောက်သတင်းရယူကြပြီး ကညင်ချောင်း စီးပွားရေးဇုန်သို့
ရောက်ရှိကာ စီးပွားရေးဇုန် ဒုတိယဥက္ကဌ ဦးအောင်မြင့်သိန်းနှင့် တွေ့ဆုံ၍
သိလိုသည်များကို မေးမြန်းသတင်းရယူ ကြသည်။
ထိုမှတဆင့် POE ဝင်ထွက်ဂိတ်နှင့်
နယ်စပ်ခြံစည်းရိုးတို့ကို သွားရောက်ကြသည်။
အဆိုပါ အဖွဲ့သည် ဇန်န၀ါရီ
၈ ရက်တွင် မောင်တောဒေသအတွင်း ဆက်လက်သတင်းရယူကြမည်ဖြစ်သည်။
သတင်းမီဒီယာအဖွဲ့တွင် မြန်မာနိုင်ငံ
သတင်းမီဒီယာကောင်စီမှ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ မျိုးသန့်တင် ဦးစီး သတင်း မီဒီယာကောင်စီဝင်များ၊
စံတော်ချိန်၊ Frontier၊ မြန်မာတိုင်းမ်၊ ရွှေမန္တလေး၊ News Watch၊ Tomorrow၊ မဇ္စျိမ၊
ဟံသာဝတီ၊ DVB၊ MCN TV News၊ မော်ကွန်း၊ 7day၊ သန်လျင်ပို့စ် စသည့် သတင်းစာ၊ ဂျာနယ်၊
သတင်းဌာနများမှ သတင်းထောက် များ၊ အလွတ်တန်း သတင်းထောက်နှင့် ဒေသခံ သတင်းထောက်များ စုစုပေါင်း
၃၁ ဦး ပါရှိကြောင်း သိရှိရသည်။
(ခရိုင် ပြန်/ဆက်)
No comments:
Post a Comment