ရန်ကုန်
ဇန်နဝါရီ ၇
သတင်း
- ဥမ္မာ၊ စန္ဒီ
ရန်ကုန်မြို့
ဗိုလ်တထောင်မြို့နယ်၌ ကျင်းပလျက်ရှိသည့် ကလေးစာပေပွဲတော်တွင် စတုဒိသာ
ကျွေးမွေးသူများဖြင့် လျက်ရှိကြောင်း တွေ့ရသည်။
အမေ့အိမ်
ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် အဆင့်မြင့်ဘော်ဒါမှ ထမင်းဆီဆမ်း၊
ကောက်ညှင်းပေါင်း၊ မုန့်ပြား သလက်၊ ထန်းသီးမုန့်စသည့် မြန်မာမုန့်မျိုးစုံ (၂၀) ဖြင့် ပွဲတော်ကျင်းပသည့်ရက်များအတွင်း စတုဒိသာကျွေးမွေး လှူဒါန်းလျက် ရှိသည်။
ထို့ပြင်
စိန့်ပေါလ်ကျောင်းသားဟောင်းများက မုန့်ဟင်းခါး၊ ပူတင်းပေါင်မုန့်နှင့်
ကျောက်ကျောဖျော်ရည်၊ ရွှေရင်အေးတို့ဖြင့် လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ကြက်သားဆန်ပြုတ်ဖြင့် လည်းကောင်း၊ တိုက်ကျွေး ခြင်းတို့ကို
ပွဲတော်လာမိဘပြည်သူများနှင့် ကျောင်းသားများကို ကျွေးမွေးလှူဒါန်းလျက်ရှိကြောင်း
သိရသည်။
၎င်းအပြင်
နဂါးပျံလက်ဖက်ခြောက်၊ ပရီးမီးယားကော်ဖီမစ်၊ မာမားခေါက်ဆွဲ၊
Alpine သောက်ရေသန့်တို့ကလည်း
စတုဒိသာကျွေးမွေးလှူဒါန်းကြသည်။
No comments:
Post a Comment