Thursday, January 25, 2018

ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးရာ သုတေသန အဖွဲ့အား လက်ခံတွေ့ဆုံ


ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးရာ သုတေသနအဖွဲ့ (Chinese People’s Institute of Foreign Affairs) ၏ ဒုတိယဥက္ကဋ္ဌ H.E. Ms. OuBoqian နှင့် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ် (I-1) ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရေး အတွေ့အကြုံများနှင့် နိုင်ငံတကာ ဆက်ဆံရေး အတွေ့အကြုံများ အပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့  မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး H.E. Mr. Hong Liang၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးဟောင်း H.E. Mr. Guan Mu၊ ပေကျင်း တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ဌာနမှ ပါမောက္ခ Mr. Zhai Kun နှင့် တာဝန်ရှိသူများ ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်မောင်ထွန်း၊ အဖွဲ့ဝင် ဦးကိုကိုနိုင်၊ ဦးစံရွှေအောင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment