နေပြည်တော်
ဇန်န၀ါရီ ၁၇
ဒုတိယအကြိမ်
အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ
အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အစည်းအဝေးတွင်
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင်၏ ကချင်ပြည်နယ် ဗန်းမော်မြို့နှင့် ရှမ်းပြည်နယ် နမ့်ခမ်းမြို့တို့ကို ဆက်သွယ်ထားသော ပြည်နယ်ချင်းဆက်
မဟာဗျူကျသည့်ကားလမ်းကို ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်
စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်း က ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်မြို့၊
မန်စီမြို့နှင့် ရှမ်းပြည်နယ် နမ့်ခမ်းမြို့အား ဆက်သွယ်ထားသော ပြည်နယ်ချင်းဆက် လမ်းသည်
မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်း (ဗန်းမော်-နမ့်ခမ်းလမ်း) အပိုင်းရှိ ကချင်ပြည်နယ်အပိုင်းတွင် (၅၉/၄)မိုင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၆/၆)မိုင်ရှိပြီး ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲသောလမ်းတစ်လမ်း
ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ် မတ်လတွင် လမ်းအခြေအနေ အရ ကချင်ပြည်နယ်အပိုင်း (၅၉/၄) မိုင်၏
လက်ရှိလမ်းအခြေအနေမှာ ကတ္တရာလမ်း (၁၃/၀)မိုင်၊ အမာခံလမ်း (၄၆/၄) မိုင်ရှိပါကြောင်း၊
အဆိုပါလမ်းတွင် ကချင်ပြည်နယ် အပိုင်း၌ ကချင်ပြည်နယ် နယ်စပ် မော်စီခွရွာ မိုင် (၃၀၈/၆)မှ
မန်ဝိန်းကြီးရွာ မိုင်(၃၁၀/၆)ထိ ၂ မိုင်သာလျှင် ပြည်သူများ သွားလာအသုံးပြုလျက်ရှိပါကြောင်း၊ ကျန်အပိုင်းများကို မိုင် (၃၁၀/၆) မန်ဝိန်းကြီးရွာမှ
မိုင် (၃၃၀/၂) ကိုက်ထိပ်ရွာအထိ ၁၉ မိုင် ၄ ဖာလုံမှ တပ်မတော်မှ ရိက္ခာ ပို့ဆောင်ရန်အတွက်
လမ်းများပြုပြင် အသုံးပြု လျက်ရှိပြီး နယ်မြေလုံခြုံရေးအခြေအနေအရ ပြည်သူများ သွားလာအသုံးပြုမှု
မရှိပါကြောင်း၊ မိုင် (၃၃၀/၂) ကိုက်ထိပ်ရွာမှ
မိုင် (၃၄၉/၆) မဒန်ယန်ကျေးရွာအထိ ၁၉ မိုင် ၄ ဖာလုံမှာ နယ်မြေလုံခြုံရေး အခြေအနေအရ သွားလာ၍
မရသည်ကို သိရှိရပါကြောင်း။
မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်း
ကချင်ပြည်နယ်အပိုင်းတွင် နယ်မြေ လုံခြုံရေးအခြေအနေ အရ သွားလာ၍ရသော မိုင် (၂၄၉/၆) မဒန်ယန်ရွာမှ
(၃၆၈/၂) ဗန်းမော်မြို့အထိ ၁၈ မိုင် ၄ ဖာလုံ
အပိုင်းသာလမ်းဦးစီးဌာနမှ တာဝန်ယူကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး ရာသီမရွေး သွားလာနိုင်
ပါကြောင်း၊ နယ်မြေလုံခြုံရေး အခြေ အနေအရ သွားလာ၍မရသော မန်ဝိန်းကြီးကျေးရွာမှ မဒန်ယန်ရွာ
အထိ နယ်မြေ လုံခြုံရေးအခြေအနေ ကောင်းမွန်လာပါက ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများ
ကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေ တင်ပြ တောင်းခံပြီး
ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ဆက်လက်ပြီး
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်တို့၏
မေးခွန်းများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ရှင်းလင်းဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး
ပေးပို့လာသော တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ
ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က
ဆွေးနွေးနိုင်ရန်အတွက် ဥပဒကြမ်း ကော်မတီ၏ အစီရင်ခံစာကို အဖွဲ့ဝင် ဒေါက်တာအောင်မျိုးက ဖတ်ကြား ရှင်းလင်းသည်။
ယင်းဥပဒေကြမ်းနှင့်
စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ကြေညာသည်။
ယင်းနောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ မြန်မာနိုင်ငံတွင် သူငယ်တန်းမှစ၍ တက္ကသိုလ်ဝင်တန်း(အထက်တန်း) အောင်မြင်ပြီးချိန်အထိ
အင်္ဂလိပ်ဘာသာရပ်ကို မသင်မနေရ ဘာသာရပ်တစ်ခုအဖြစ် ပြဋ္ဌာန်းသင်ကြားပေး နေသော်လည်း အထက်တန်းအဆင့်
ပညာရေး ပြီးဆုံးချိန်တွင် ကျောင်းသူ၊ ကျောင်း
သားအများစု၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသား၊ ပြောဆို ဆက်သွယ်နိုင်စွမ်းမှာ နိမ့်ကျနေ ဆဲဖြစ်ပါသည်။
ထို့ကြောင့် အထက်တန်းပညာရေး ပြီးဆုံးချိန်မှာ အင်္ဂလိပ်ဘာသာဖြင့် အတိုင်းအတာတစ်ခုအထိ
ထိရောက်စွာ ရေးသားပြောဆို ဆက်သွယ်နိုင်ရန် အတွက် (Grade 9) အဋ္ဌမတန်းမှ စတင်၍ အင်္ဂလိပ်စာဘာသာ
သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပုံ နည်းစနစ်များ၊ အကဲဖြတ်စနစ် (စာမေးပွဲ) ကို ခေတ်နှင့်လျော်ညီစွာ
စွမ်းရည် ၄ မျိုး (4 skills- Reading,Writing,Speaking,Listening) ပါဝင်သော စနစ်သို့
ပြုပြင် ပြောင်းလဲသင်ကြားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက
ဆွေးနွေး ကြသည်။
ကရင်ပြည်နယ်
မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုး က Global Education တွင် ကမ္ဘာကြီးကို
ချိတ်ဆက်နိုင်သည့် အင်္ဂလိပ်ဘာသာစကား နှင့်သာ အကဲဖြတ် စစ်ဆေးကြပါကြောင်း၊ အကဲဖြတ်သည့်နေရာတွင်
Speaking, Reading,Writingနှင့် Listening
ဆိုသည့် 4 Skills နှင့်သာ အရည်အချင်းစစ်ပါကြောင်း၊ ယခု လွှတ်တော်သစ်တွင် နိုင်ငံတကာ
ပါလီမန်များနှင့် ရင်ဘောင်တန်းနိုင်ရန် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် မိမိတို့ ပြည်ထောင်စု
လွှတ်တော် ကိုယ်စားလှယ်များကို British Concil မှ 4 Skills နှင့် အင်္ဂလိပ်ဘာသာစကား အရည်အချင်းစစ်ပေးခဲ့ပါ
ကြောင်း၊ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရန်
အတွက်ဖြစ်စေ၊ စီးပွားရေးကို အဓိက ဦးမော့လာစေရန် အတွက်ဖြစ်စေ၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရန်
အင်္ဂလိပ် ဘာသာစကားရည်အသွေး မြှင့်တင်ရာတွင် အဓိကကျ လိုအပ်ချက်ဖြစ်ပါကြောင်း။
အင်္ဂလိပ်ဘာသာ
စကားသည် လုပ်ငန်းခွင်နှင့် ပညာရပ်ဆိုင်ရာ အတွက် အရေးတကြီး လိုအပ်ပါကြောင်း၊ စီးပွားရေးမြှင့်တင်နိုင်ရန်
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ရှိလာလျှင် လူ့စွမ်းအား အရင်းအမြစ်များကို ကောင်းစွာ
အသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ အင်္ဂလိပ်
ဘာသာစကား၏ အရေးပါပုံနှင့် လိုအပ်ချက် တောင်းဆိုမှုများကို အကောင် အထည်ဖော်ဆောင်ရွက်ရန်
လက်တွေ့တွင် အခက်အခဲများစွာရှိနေပါကြောင်း၊
အချိန် တိုအတွင်းတွင် အင်္ဂလိပ်စာကို အောင်မြင်ထိရောက်စွာ သုံးစွဲနိုင်ရန် တစ်နိုင်ငံတစ်ပြေးညီ
သင်ယူနိုင်ရန် ခဲယဉ်းပါကြောင်း၊ စိန်ခေါ်မှုများထဲတွင် အင်္ဂလိပ် ဘာသာစကား၏ လိုအပ်ချက်နှင့် အရေးပါပုံများ
ပါဝင်သွားပြီဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် နိုင်ငံ၏ ပညာရေး အဆင့်အတန်း မြှင့်တင်ရန်အတွက် အမျိုးသားပညာရေး စီမံကိန်း များကို အောင်အောင်မြင်မြင်
အကောင်အထည်ဖော်နိုင်ရန် အချိန်နှင့် တပြေးညီ အားထုတ် ကြိုးပမ်းရန် တိုက်တွန်း အကြံပြုဆွေးနွေးသည်။
အလားတူ
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်၊
ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးကျော်နိုင်၊ ပဲခူးတိုင်ဒေသကြီး မဲဆန္ဒနယ်
အမှတ်(၅)မှ ဒေါက်တာ တင်တင်ဝင်းနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) မှ ဒေါက်တာသန်းဝင်းတို့က
ဆွေးနွေး ကြသည်။
ဒုတိယအကြိမ်
အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး တတိယနေ့ကို ဇန်န၀ါရီလ ၁၈ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း
သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:
Post a Comment