နေပြည်တော် ဇန်နဝါရီ ၁၇
အမျိုးသား အထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ
အနုပညာရှင်များက အထူးအစီအစဉ် အဖြစ် ဇန်နဝါရီ ၂၀ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ
တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ယိမ်းအကများ၊ တေးသံသာများ၊ ပဒေသာ ယိမ်း အကများ၊ ဟာသတစ်ခန်းရပ်များဖြင့် ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်သည်။
အမျိုးသားအထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်) ဖျော်ဖြေပွဲအား
လာရောက် ကြည့်ရှု လေ့လာကြမည့် အများပြည်သူများ ပိုမို၍ ကြည်နူးပျော်ရွှင်မှုရရှိ စေရန်အတွက်
ရည်ရွယ်ဖျော်ဖြေ တင်ဆက်ခြင်းဖြစ်ပြီး မည်သူမဆို အခမဲ့ ကြည့်ရှုနိုင်ကြောင်း သိရပြီး
အမျိုးသားအထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်) ဖျော်ဖြေပွဲနေ့တွင် ကြည့်ရှုလိုသည့် ပြည်သူများနှင့်
ဝန်ထမ်းများ သွားလာရေး အဆင်ပြေစေရန် အမျိုးသားအထိမ်းအမှတ် ဥယျာဉ်အထိ သီးသန့်ယာဉ်လိုင်းများ
စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဖျော်ဖြေပွဲကျင်းပမည့်နေ့တွင် အမျိုးသား
အထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)မှ တိရိစ္ဆာန် ဥယျာဉ် (နေပြည်တော်) သို့ ဆက်လက်ဝင်ရောက်
လေ့လာလိုသူများအတွက် ၀င်ကြေးများ ကိုလည်း လျှော့ချ ပေးသွားမည်ဖြစ်ကြောင်း နှင့် အမျိုးသားအထိမ်းအမှတ်
ဥယျာဉ်နှင့် တိရိစ္ဆာန် ဥယျာဉ်တို့ အပြန်အလှန် ကူးလူးသွားလာနိုင်သည့် လမ်းကြောင်းတွင်လည်း
ယာဉ်ပို့၊ ကြို များ စီစဉ် ဆောင်ရွက်ပေးထားမည် ဖြစ်ကြောင်း သိရသည်။
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)ကို ပြည်ထောင်စုတစ်ဝန်း
စုစည်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု အမွေအနှစ်များ၊ ရိုးရာ ဓလေ့ထုံးစံနှင့်အညီ
နေထိုင် စားသောက်ကြပုံများ၊ ဖွံ့ဖြိုးတိုးတက်မှုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း
ထင်ရှား ကျော်ကြားသော စေတီပုထိုး အထိမ်းအမှတ်နေရာများ၊ သဘာဝရှုခင်းများ၊ မြေယာရှုခင်း
အလှအပ များဖြင့် ပုံဖော်၍ တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း ကြည့်ရှုလေ့လာ အနားယူ အပန်းဖြေ
နိုင်ရန် တည်ဆောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နောင်တွင် တစ်လတစ်ကြိမ် ဖျော်ဖြေပွဲများ
ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment