Wednesday, January 17, 2018

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံရုံး၌ ကျင်းပသည့် ဖင်လန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း သွားရောက်လေ့လာ


ရန်ကုန် ဇန်န၀ါရီ ၁၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း သည် ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံရုံး၌ ကျင်းပသည့် ဖင်လန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်၊ အတွင်းရေးမှူး ဦးတင်မောင်အေး တို့နှင့်အတူ
ယနေ့မွန်းလွဲ ၂ နာရီက သွားရောက်လေ့လာခဲ့ရာ ဖင်လန်နိုင်ငံ သမ္မတရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များနှင့် မဲဆန္ဒ ရှင်စာရင်းဆိုင်ရာ ကိစ္စရပ်များကို ဖင်လန်နိုင်ငံ သံအမတ်ကြီး H.E. Ms. Riikka Laatu နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment