နေပြည်တော်၊
ဇန်နဝါရီ ၁၇
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ
ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms.
Vanessa Chan Yuen Ying နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်
အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌရုံးခန်း၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ်
နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ
လွှတ်တော်များ၏ ဥပဒေပြုရေး အခန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု
ကဏ္ဍတွင် စင်ကာပူနိုင်ငံအနေဖြင့် ရင်းနှီးမြှပ်နှံမှုများ ပိုမို တိုးမြှင့် ဆောင်ရွက်ရေးနှင့်
လွှတ်တော်ရုံး ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ပိုမိုကူညီပံ့ပိုးပေးနိုင်ရေး
ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲသို့
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်
အဖွဲ့ဝင် ဒေါ်အေးအေးမူ နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment