ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်
မြန်မာနိုင်ငံဆိုင်ရာ ဖင်လန် သံအမတ်ကြီး H.E Ms. Riikka Laatu အား ယနေ့နံနက်ပိုင်းတွင်
အဆိုပါဝန်ကြီးဌာနရှိ မေခလာ ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မသန်စွမ်းသူများအတွက် ဘက်ပေါင်းစုံ ချဉ်းကပ်နည်းလမ်းများဖြင့်
ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများ၊ UEHRD ၏ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်
လုပ်ငန်းများ၊ ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ (၄)ခု
တည်ထောင်၍ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှုများ၊
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်း၍ အဆိုပါ အကြံပေး ကော်မရှင်၏ အကြံပြုချက်များအား
အကောင်အထည်ဖော်နေသည့် လုပ်ငန်းများ၊ လူသား ချင်းစာနာကူညီမှု၊ ပြန်လည်နေရာ ချထားရေးနှင့်
ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ ကိုယ်ဝန် ဆောင် မိခင်နှင့် မွေးကင်းစကလေးမှ အသက်(၂)နှစ်အရွယ်အထိ
ထောက်ပံ့ငွေ ပေးအပ်ပံ့ရေးနှင့် အသက်(၉၀) နှစ်နှင့် အထက် လူမှုရေး ပင်စင်ပေးအပ်နေမှုများတွင်
ကူညီနိုင်မည့် ကိစ္စများကို ဆွေးနွေးကြသည်။
ညနေပိုင်းတွင် မြန်မာနိုင်ငံ
မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ ဦးနေလင်းစိုး ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံရာ၌
၂၀၁၈ခုနှစ်တွင် မြန်မာ့ဒီမိုကရေစီ အကူးအပြောင်း ကာလတွင် မသန်စွမ်းသူများနှင့် လူနည်းစုများ၏
အခွင့်အရေးများအား ကာကွယ်မြှင့် တင်ခြင်း ခေါင်းစဉ်ဖြင့် ကျင်းပမည့် ကဏ္ဍပေါင်းစုံ ပါဝင်ပတ်သက်သူများ
ဖိုရမ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း မသန်စွမ်းသူများစာရင်း ကောက်ယူမှုနှင့်
စပ်လျဉ်း၍ လည်းကောင်း၊ မသန်စွမ်းသူများ အတွက်
သီးသန့်တည်ထောင် ဖွင့်လှစ်မည့် သတင်း အချက် အလက်နှင့် နည်းပညာ ဆက်သွယ်ရေး သင်တန်းကျောင်း
ICT Training Centre တွင် မသန်စွမ်းသူများ ပါဝင်ခန့်အပ်နိုင်ရေး ကိစ္စနှင့် စပ်လျဉ်း၍
လည်းကောင်း ဆွေးနွေးသည်။
(သတင်းစဉ်)

No comments:
Post a Comment