Friday, December 15, 2017

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ် NDI ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ


နေပြည်တော်  ဒီဇင်ဘာ ၁၅
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် National Democratic Institute (NDI) Myanmar ၏ အာရှဒေသဆိုင်ရာ ညွှန်ကြား ရေးမှူး Mr. Peter M.Manikas နှင့်အဖွဲ့ အားယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် NDI အနေဖြင့် လွှတ်တော်များဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများတွင် အရှိန်အဟုန်မြှင့် ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံး ဝန်ထမ်းများအတွက် ပိုမိုအကျိုး ဖြစ်ထွန်းစေမည့် သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပရေး၊ လွှတ်တော် ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာ စီမံကိန်း ၂၀၁၈ -၂၀၂၂ တွင်လည်း NDI အနေဖြင့် ပိုမိုပူးပေါင်း ပါဝင် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment