နိုင်ငံတော်၏
အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည်
အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာ ဝန်ကြီးဌာနမှ Foreign Secretary ဖြစ်သူ Dr.
Subrahmanyam Jaishankar ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ (၁၄၀၀) နာရီအချိန်တွင်
နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ်
မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များကို
လည်းကောင်း၊ အိန္ဒိယအစိုးရမှ ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက်
အထောက်အပံ့ အဖြစ် (၅)နှစ်တာ ကာလအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၅)သန်းထောက်ပံ့မည့်
“မြန်မာ- အိန္ဒိယနှစ်နိုင်ငံ အစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ
နားလည်မှု စာချွန်လွှာ” အား နှစ်နိုင်ငံအကြား လက်မှတ် ရေးထိုးခဲ့သည့် ကိစ္စနှင့်ပတ်သက်၍
လည်းကောင်း အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ယင်းသို့
တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးကျော်တင်၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးကျော်မိုးထွန်း၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်နှင့် တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment