Thursday, December 21, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၁၈ ခုနှစ် နှစ်(၇၀) ပြည့် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား



၂၀၁၈ ခုနှစ် နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ၂၀၁၈ ခုနှစ် နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ  ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ အစည်းအဝေးသည်၂၀၁၈ ခုနှစ်၊ နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို အောင်အောင် မြင်မြင်နှင့် နိုင်ငံရေး အနှစ်သာရ ပိုမိုပြည့်ဝစွာ ကျင်းပ ဆောင်ရွက် နိုင်ရန်အတွက် တတိယအကြိမ် ညှိနှိုင်း အစည်းအဝေး ဖြစ်ပါကြောင်း။
လွတ်လပ်ရေးနေ့ အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅)ရပ်နှင့် အညီ အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရန် အတွက် ၂၀၁၈ ခုနှစ်၊ နှစ်(၇၀) ပြည့် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီကို နိုင်ငံတော် သမ္မတရုံး၏ ၂၀၁၇ခုနှစ် စက်တင်ဘာ ၂၉ ရက် ရက်စွဲပါ  အမိန့်ကြော်ငြာစာ အမှတ်၊ ၇၂/၂၀၁၇ ဖြင့် မိမိအပါအဝင် အဖွဲ့ဝင် (၃၆)ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း။
ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ၂၀၁၇ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့တွင် ကျင်းပကာ အစည်းအဝေး ဆုံးဖြတ်ချက် (၁၂)ချက် ချမှတ်ခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်များကို အကောင် အထည်ဖော် ဆောင်ရွက်ရန်အတွက် ဆပ်ကော်မတီ (၉)ခုကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့တွင် ကျင်းပခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက် (၁၇)ချက်ကို ချမှတ်ခဲ့ပါကြောင်း။
အဆိုပါ ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာ ဆပ်ကော်မတီများ အလိုက် အကောင် အထည်ဖော် ဆောင်ရွက် နေသည်ကို တွေ့ရှိရပါကြောင်း၊ လွတ်လပ်ရေးနေ့တွင် အခမ်းအနား အစီအစဉ်ကို အပိုင်း ( ၂ )ပိုင်းနှင့် ကျင်းပသွားမည် ဖြစ်ပြီး နံနက်ပိုင်းတွင် အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနား၊ ညနေပိုင်းတွင် ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနားတို့ ဖြစ်ပါကြောင်း။
အဆိုပါ အခမ်းအနားများကို အကောင် အထည်ဖော် ဆောင်ရွက်ကြမည့် ဆပ်ကော်မတီ ( ၉ ) ခုအနေဖြင့် မိမိတို့၏ လုပ်ငန်း တာဝန်များကို စနစ်တကျဖြင့် အကွက်စေ့အောင် ဆောင်ရွက်သွားရန် လိုပါကြောင်း၊ သက်ဆိုင်ရာ ဆပ်ကော်မတီများ အနေဖြင့် ကဏ္ဍအလိုက် အားလုံး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်မှသာ အောင်အောင် မြင်မြင်ဖြင့် နိုင်ငံရေး အနှစ်သာရ ပြည့်ဝစွာ ကျင်းပနိုင်မည် ဖြစ်ပါကြောင်း၊ အခမ်းအနား ကျင်းပမည့်ရက် နီးကပ်လာသည်နှင့် အမျှ ဆပ်ကော်မတီ အလိုက် တာဝန်ယူ ဆောင်ရွက်ရသည့် လုပ်ငန်းများ ပြီးပြည့်စုံ နေမည်ဟု ယုံကြည်ပါကြောင်း။
ယခု အခမ်းအနားသည် နိုင်ငံတော် အခမ်းအနား ဖြစ်သည့် အတွက် အားနည်းချက်များ မရှိအောင် ၀ိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပြီး ရာသီဥတု အခြေအနေများ အပေါ် တွက်ဆကာ ကြိုတင် ပြင်ဆင်မှုများ စီမံ ဆောင်ရွက်ထားရန် လိုကြောင်း၊ သက်ဆိုင်ရာ ဆပ်ကော်မတီများက ယခင် ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက် ပြီးစီးမှု အခြေအနေ၊ အခြား လိုအပ်ချက်များနှင့် အခက်အခဲများ ရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြ ဆွေးနွေးသွားရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော် အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနား ကျင်းပရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲ ကျင်းပရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ မီးရှူး မီးပန်းများ ပစ်ဖောက်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးမှ ဗိုလ်မှူးချုပ် မိုးကြည်၊ လုံခြုံရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း၊ ကျန်းမာရေး ဆပ်ကော်မတီ၊ အားကစားပြိုင်ပွဲများ ကျင်းပရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် သက်ဆိုင်ရာ ကော်မတီ အလိုက် တာဝန်ရှိသူများက ၂၀၁၈ ခုနှစ်၊ နှစ် ( ၇၀ ) ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် လိုအပ်ချက်များအား   ရှင်းလင်း တင်ပြကြသည်။
ဒုတိယသမ္မတက ဆွေးနွေး တင်ပြချက်များ အပေါ် လိုအပ်သည်များအား ပေါင်းစပ် ညှိနှိုင်းပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာ ဖေမြင့်၊ ဦးသောင်းထွန်း၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးကျော်တင်၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ဒုတိယ၀န်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်အောင်စိုး၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဒေါက်တာ ထွန်းနိုင်၊ ဦးဝင်းမော်ထွန်း၊ အမြဲတမ်း အတွင်းဝန်များ၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။                                                      
(သတင်းစဉ်)

No comments:

Post a Comment