Thursday, December 21, 2017

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် မိသားစုတို့ အတွက် နေပြည်တော် သပြေကုန်း ရပ်ကွက်ရှိ လူမျိုးပေါင်းစုံ နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ အသင်းသူ၊ အသင်းသားများက ခရစ်တော် မွေးနေ့အကြို ဆုတောင်း မေတ္တာပို့သ



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင် မိသားစုတို့အတွက် နေပြည်တော် သပြေကုန်း ရပ်ကွက်ရှိ လူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ သိက္ခာတော်ရ ဆရာ ဦးစောအောင်အောင်လွင် ဦးဆောင်သော အဖွဲ့သည် ယနေ့ညနေ ၅ နာရီတွင် နေပြည် တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်၌ ခရစ်တော် မွေးနေ့အကြို အဖြစ် လာရောက် ဆုတောင်း မေတ္တာပို့သကြသည်။

ရှေးဦးစွာ နေပြည်တော် သပြေကုန်း ရပ်ကွက်ရှိ လူမျိုးပေါင်းစုံ နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ အသင်းသူ၊ အသင်းသားများက ခရစ္စမတ် ဓမ္မတေးများ သီဆိုကြပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြသည်။
ယင်းနောက် သိက္ခာတော်ရ ဆရာ ဦးစောအောင်အောင်လွင်က  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံတော် သမ္မတနှင့် ဇနီး မိသားစုတို့ အတွက် ဆုတောင်း မေတ္တာပို့သသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် နေပြည်တော် သပြေကုန်း ရပ်ကွက်ရှိ လူမျိုးပေါင်းစုံ နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ အသင်းသူ၊ အသင်းသားများအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး သိက္ခာတော်ရဆရာ ဦးစောအောင်အောင်လွင်က ခရစ္စမတ် လက်ဆောင်ကို ပြန်လည်ပေးအပ်သည်။
(သတင်းစဉ်)

No comments:

Post a Comment