(၁၉-၁၂-၂၀၁၇ ရက်၊ နေပြည်တော်)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းကော်ရှန်းအား ယနေ့
(၁၀၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ်
မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အတွက် ၄င်း၏ခရီးစဉ်အတွင်း
အမေရိကန် ဒေါ်လာတစ်သန်း ပေးအပ်ခဲ့သည့်ကိစ္စ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု
ပင်လုံ တတိယအကြိမ် အစည်းအဝေး၊ ရခိုင်ပြည်နယ် အရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း
သိရှိရပါသည်။
ယင်းသို့တွေ့ဆုံရာတွင်
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊
နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း
သိရှိရပါသည်။
Ref; Ministry of
Foreign Affairs Myanmar
No comments:
Post a Comment