နေပြည်တော် ဒီဇင်ဘာ ၁၉
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်အား တရုတ်တိဘက် သုတေသနဌာန အကြီးအကဲ ပါမောက္ခချုပ် မစ္စတာကျန်းယွင်
ဦးဆောင်သည့် တိဘက်ယဉ်ကျေးမှုဖလှယ်ရေး ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက် ၁၀ နာရီတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးရုံး ဧည့် ခန်းမ၌ လာရောက် တွေ့ဆုံသည်။
တွေ့ဆုံစဉ် တိုင်းရင်းသားလူမျိုးများ၏
လူမှုစီးပွား ကဏ္ဍမြှင့်တင်ရေး၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ
ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ တိုင်းရင်းသားလူမျိုးများ၏
စာပေနှင့် ဘာသာစကားများအား ဖြန့်ဝေနိုင်ရေး၊ မြန်မာနိုင်ငံနှင့် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကြား
နှစ်ဦးနှစ်ဖက် အကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နှစ်နိုင်ငံ တိုင်းရင်းသား
လူမျိုးစုများ၏ အကျိုးစီးပွား တိုးတက်ကောင်းမွန်စေရန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား
ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက
မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်မှုများနှင့် နိုင်ငံတကာ
မျက်နှာစာတွင် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံဘက်မှ
မှန်ကန်စွာ ရပ်တည် ပေးမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment