Tuesday, December 19, 2017

၂၀၁၇ခုနှစ် ထူးချွန်ကြက်ခြေနီ တွေ့ဆုံပွဲအောင်မြင်စွာ ကျင်းပပြီးစီး

ရန်ကုန်- ဒီဇင်ဘာ ၁၉  
၂၀၁၇ ခုနှစ် ထူးချွန်ကြက်ခြေနီတွေ့ဆုံပွဲကို ဒီဇင်ဘာလ ၁၄ ရက်မှ ၁၈ ရက်အထိ ငါးရက်တိုင်တိုင် မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ သစ်တောကျောင်း၊ ကျွန်းရတနာခန်းမတွင် ကျင်းပသည်။

တွေ့ဆုံပွဲဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၀န်ကြီး ဒေါက်တာဦးစိုးသန်းက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူနှင့် တာဝန်ရှိသူများက ထူးချွန်မောင်မယ်များအား ထူးချွန်ကြက်ခြေနီတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
ထူးချွန်ကြက်ခြေနီတွေ့ဆုံပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကြက်ခြေနီ မောင်မယ် ၁၀၄ ဦးနှင့် တက္ကသိုလ်/ ကောလိပ်မှ ကြက်ခြေနီ မောင်မယ် ၂၄ ဦး စုစု ပေါင်း ၁၂၈ ဦး တက်ရောက်ခဲ့ကြသည်။
ထူးချွန်ကြက်ခြေနီ မောင်မယ်များသည် ရပ်ရွာလူထုနှင့်အတူ လူမှုကရုဏာ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရိုးရာ ယဉ်ကျေးမှုဖလှယ်ခြင်း၊ သစ်တောပြတိုက်နှင့် ပြင်ဦးလွင်မြို့ရှိ အထင်ကရနေရာများအား သွားရောက်လေ့လာ ခြင်း၊ ဒေသထွက်ပစ္စည်းများနှင့် အစားအစာများ ဈေးရောင်းပွဲ ကျင်းပခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် လူမှုကရုဏာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများနှင့် အခက်အခဲများ ကို ဖလှယ်ခဲ့ပြီး ဆွေးနွေးအဖြေရှာ အကြံပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment