Tuesday, December 19, 2017

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများအား ခွင့်ပြုပေးနေမှုအခြေအနေ

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန် ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းနည်းဥပဒေ များနှင့်အညီ စိစစ်၍ လုပ်ငန်း အသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးခဲ့ရာ (၁၃-၁၂-၂၀၁၇) ရက်နေ့က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် (၆-၁၁-၂၀၁၇) ရက်နေ့မှ (၁-၁၂-၂၀၁၇) ရက် နေ့ထိ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထား လာသည့် ပုံနှိပ်ခြင်းလုပ်ငန်းအတွက် အသစ် လျှောက်ထားသူ (၁၀) ဦးကိုလည်းကောင်း၊ ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ ဂျာနယ် (၄) ဦး၊ မဂ္ဂဇင်း (၅) ဦး၊ အထွေထွေ (၁၆) ဦး၊ ပေါင်း (၃၅) ဦးကို လည်းကောင်း၊ သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်လိုသူ (၂) ဦးကိုလည်းကောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေး ခဲ့ပါသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄)ရက်နေ့ မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း (၁၄၇၆) ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း (၂၂၆၉) ဦးနှင့် သတင်း အေဂျင်စီလုပ်ငန်း (၉၂) ဦး ၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း (၃၈၃၇) ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေး ခဲ့ပါသည်။
မဂ္ဂဇင်းထုတ်ဝေခြင်းလုပ်ငန်း လျှောက်ထားသူ (၁) ဦးအား အချက်အလက်များ စိစစ် ဆောင်ရွက်ဆဲဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment