Tuesday, December 19, 2017

ဆောက်​လုပ်​​ရေးဝန်ကြီးဌာန ဒုတိယဝန်​ကြီး ဘူးသီး​တောင်​ ​မောင်​​တော​ဒေသ လမ်းတံတားတည်​​ဆောက်​​နေမှုကြည့်​ရှုစစ်​​ဆေး

မောင်​​တော ဒီဇင်ဘာ ၁၉
ဆောက်လုပ်​​ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မောင်​​တော မြို့နယ် မေယုတောင်​​ကျော်လမ်းဖြစ်သည့် ကြိမ်​​ချောင်း -ဂုပ္ပီလမ်ဖောက်လုပ်​​နေမှုကို သွားရောက်ကြည့်ရှုစစ်​​ဆေးသည်

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မောင်​​တောခရိုင် တောင်ပြိုလက်ဝဲမြို့နယ်ရှိ ပြန်လည်လက်ခံကြိုဆိုရေးစခန်းတွင် ဆောက်လုပ်​​ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့ (၁၄) က တာဝန်ယူတည်​​ဆောက်​​နေ​​သော Modular  House များတည်​​ဆောက်​​နေမှု၊ အဆောက်အဦတွင် အသုံးပြုထားသောပစ္စည်း၊ တည်​​ဆောက်မှုပုံစံ၊ အရည်သွေးကောင်းမွန်မှုတို့ကိုကြည့်ရှုစစ်​​ဆေးသည်
အဆိုပါ Modular  House များကို ဒီဇင်ဘာလဆန်းပိုင်းမှစပြီး တည်​​ဆောက်​​နေခြင်းဖြစ်ပြီး ဇန်နဝါရီလကုန်ပိုင်းတွင် ပြီးစီး မည်ဖြစ်​​ကာ အရေအတွက်အားဖြင့် ပေ ၉၀ × ၁၈ပေရှိ Modular House အလုံးပေါင်း ၁၇ လုံး ရှိမည်မြစ်​​ကြောင်း၊ လောလောဆယ် သုံးလုံးတည်​​ဆောက်ပြီးစီးသွားပြီဖြစ်​​ကြောင်း သိရသည်
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကြိမ်​​ချောင်း-ဂုပ္ပီလမ်း ဖောက်လုပ်​​နေသော လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်​​ဆေးသည်။ ယင်းလမ်းကို လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့ (၁၇)ကမောင်​​တောဒေသတွင် တာဝန်ယူဖောက်လုပ်​​နေသည်တောင်​​ကျော်လမ်းနှစ်လမ်းအနက် တစ်လမ်းဖြစ်ပြီး အရှည်အားဖြင့် ၁၅မိုင်ရှိမည်ဖြစ်ပြီး မြေသားလမ်းဖြစ်​​ကြောင်သိရသည်
မွန်းလွဲပိုင်းတွင် တံတားအထူးအဖွဲ့ (၇) မှတာဝန်ယူတည်​​ဆောက်​​နေသော ဘူးသီးတောင်-ကျောက်​​တော်လမ်ပေါ်ရှိ စိုင်း ဒင်တံတား တည်​​ဆောက်​​ရေးလုပ်ငန်းခွင်နှင့် ရသေ့သောင်-ပုဏ္ဏားကျွန်းလမ်ပေါ်ရှိ ရသေ့တောင်တံတားတည်​​ဆောက်​​ရေးလုပ်ငန်းခွင်များသို့ သွားရောက်ကာကြည့်ရှုစစ်​​ဆေးခဲ့ကြောင်း သိရသည်

မြင်မောင်ဇေယျာ
ဓာတ်
ပုံ နေဝင်းထွန်

No comments:

Post a Comment