Sunday, December 24, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ရှမ်းရိုးရာလက်မှုလုပ်ငန်းအား ကြည့်ရှုလေ့လာ

လားရှိုး ဒီဇင်ဘာ ၂၄
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်သည် ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့ရှိ ရှမ်းရိုးရာ လက်မှုလုပ်ငန်းအား သွားရောက်ကြည့်ရှု လေ့လာသည်။

ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်နှင့်အတူ လားရှိုးမြို့ အမှတ် (၁၂) ရပ်ကွက်ရှိ ရှမ်းရိုးရာ လက်မှုလုပ်ငန်းသို့ ရောက်ရှိရာ ရှမ်းတိုင်းရင်းသား ရပ်မိရပ်ဖ များ၊  ရိုးရာလက်မှု လုပ်ငန်းလုပ်ကိုင်သည့် မိသားစုများက ကြိုဆိုနှုတ်ဆက်ပြီး မိသားစုဝင်များက ရှမ်းရိုးရာ အကများနှင့် ဖျော်ဖြေကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းကိန္နရီ၊ ကိန္နရာနှင့် တိုးနယားများ၊ ရှမ်းအိုးစည်နှင့် ရှမ်းရိုးရာတူရိယာ ပစ္စည်းများ ပြုလုပ်နေမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ရှမ်းရိုးရာ လက်မှုလုပ်ငန်းကို ရှမ်းတိုင်းရင်းသား ဦးစိုင်းကဦးစီး၍ ၎င်း၏ မိသားစုဝင်များနှင့်အတူ ရှမ်းတိုင်းရင်းသား ရိုးရာ အမွေအနှစ်များ မပျောက်ပျက်အောင်  ထိန်းသိမ်းစောင့်ရှောက်မှုဖြင့် နှစ်ပေါင်း ၂၅ နှစ်အကြာ မိသားစုလုပ်ငန်းအဖြစ် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

(ခရိုင် ပြန် / ဆက်) 

No comments:

Post a Comment