Sunday, December 31, 2017

စာပေညီလာခံ ၂၀၁၇ ကျင်းပခဲ့ရာတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

ရန်ကုန် ဒီဇင်ဘာ ၃၁
စာပေညီလာခံ ၂၀၁၇ အောင်မြင်ခမ်းနားစွာ ကျင်းပခဲ့ရာတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ညီလာခံ ကျင်းပရေးကော်မတီက တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲကို ယနေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်း ဟိုတယ်၌ ကျင်းပသည်။

ရှေးဦးစွာ ညီလာခံကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးဦးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ညီလာခံကျင်းပရာတွင် လှုံဆော်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်သူ အနုပညာဒါရိုတ်တာ ဦးမြင့်မောင်ကျော်က အမှတ်တရစကား ပြောကြားသည်။
ထို့နောက် ညီလာခံကျင်းပရာတွင် ပါဝင်ဆာင်ရွက်ခဲ့ကြသည့် စာပေအဖွဲ့အစည်း ၁၁ ဖွဲ့အားကိုယ်စားပြုသည့် အလံများကို နောင်မျိုးဆက်သစ် စာပေအနုပညာရှင်များသို့ လက်ဆင့်ကမ်းနိုင်ရန်အတွက် အနုပညာဒါရိုတ်တာ ဦးမြင့်မောင်ကျော်က ညီလာခံ ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဆရာမျိုးမြင့်ညိမ်းထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ညီလာခံတွင် ပါဝင်ဆာင်ရွက်ခဲ့ကြသည့် စာပေအဖွဲ့အစည်း ၁၁ ဖွဲ့တို့မှ ကိုယ်စားပြု လူငယ်များက ညီလာခံနှင့် ပတ်သတ်၍ အတွေ့ အကြုံများကို ပြောကြားသည်။
ဆက်လက်၍ စာပေညီလာခံ ၂၀၁၇ အောင်မြင်ခမ်းနားစွာ ကျင်းပခဲ့ရာတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ဂုဏ်ပြုညစာပြုတည်ခင်းဧည့်ခံသည်။
အခမ်းအနားသို့ စာပေညီလာခံကျင်းပရေး ကော်မတီဝင်များ၊ ညီလာခံ ကျင်းပရာတွင်ပါဝင်ခဲ့ကြသူများ၊ စာပေ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အဆိုပါ စာပေညီလာခံကို ဒီဇင်ဘာ ၁၃ ရက်မှစ၍ ဒီဇင်ဘာ ၁၆ ရက်အထိ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ အမှတ်(၄) ရပ်ကွက် မင်းဓမ္မလမ်းရှိ (Myanmar Convention Center –MCC) ခန်းမ၌ အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment