Monday, November 20, 2017

(၁၃) ကြိမ်မြောက် အာရှ - ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဂုဏ်ပြုညစာစားပွဲ ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၂၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် (၁၃) ကြိမ်မြောက် အာရှ - ဥရောပ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဒုတိယ ၀န်ကြီးများနှင့် အဖွဲ့ခေါင်းဆောင်းများအား ယနေ့ညပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၁ ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည့်ခင်း ဧည့်ခံသည်။

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တက်ရောက်လာကြသူများနှင့် အတူ ညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာသုံးဆောင်နေစဉ် အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များ၊ အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် ရန်ကုန်နှင့် မန္တလေးတို့မှ ကျောင်းသား၊ ကျောင်းသူများ၊ ဂျပန်နိုင်ငံမှ ဂီတပညာရှင် Mr. Yamamoto နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုင်ငံတော်သံစုံတီးဝိုင်းတို့က တေးသံသာများ၊ ရိုးရာအကပဒေသာ များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment