Monday, November 20, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အေဆမ်မိတ်ဖက် နိုင်ငံများနှင့် မိတ်ဖက် အဖွဲ့အစည်းများမှ ခေါင်းဆောင်များအား သီးခြားစီ လက်ခံတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၂၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် (၁၃) ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး (ASEM) သို့ တက်ရောက်လာသည့် အေဆမ်မိတ်ဖက်နိုင်ငံ များနှင့် မိတ်ဖက် အဖွဲ့အစည်းများမှ ခေါင်းဆောင်များအား ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ကော်မရှင် ဒုတိယဥက္ကဋ္ဌ H.E.Mrs.Federica Mogherini ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား နံနက် ၈နာရီ ၁၅ မိနစ်တွင် လက်ခံတွေ့ဆုံပြီး မြန်မာ-ဥရောပ နှစ်ဖက် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်အရေး ကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများကို ညှိနှိုင်း ဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြင်သစ်နိုင်ငံခြားရေးနှင့် ဥရောပရေးရာ ၀န်ကြီးဌာန ၀န်ကြီး H.E. Mr. Jean-Yves Le Drian ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား မွန်းလွဲ ၂နာရီခွဲတွင် လည်းကောင်း၊ ဖင်လန်နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး H.E.Mr. Timo Juhani Soini ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ည ၇ နာရီတွင်လည်းကောင်း လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment