နေပြည်တော် နိုဝင်ဘာ ၉
တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ
စင်ကာပူ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွာအား နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့ မွန်းလွဲ
၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖော်ဆောင်ရေး၊
စင်ကာပူ-မြန်မာ သက်မွေးသင်တန်း ကျောင်းတွင် လေ့ကျင့် သင်ကြားပေးနေမှု အခြေအနေနှင့် လူငယ်များ
အလုပ်အကိုင်ရရှိရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ သမ္မတရုံး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment