Thursday, November 9, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ ထရမ် ဒိုင်ကွမ်နှင့် တွေ့ဆုံ


ဒါနန်း (ဗီယက်နမ်)  နိုဝင်ဘာ ၉
အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာရှ- ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထရမ် ဒိုင်ကွမ်နှင့် ယနေ့ ညနေ ၆ နာရီတွင်  ဒါနန်းမြို့ရှိ ဒါနန်း Administration Center ဧည့်ခန်းမ၌ ခင်မင်ရင်းနှီးစွာတွေ့ဆုံကြသည်။

တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ အကြားအစဉ်အလာအရ တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီး သည့် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန်၊ စီးပွားရေးနှင့် ရင်းနှီးမြှပ့်နှံမှု ကဏ္ဍများပိုမိုပူးပေါင်း ဆောင်ရွက်သွားရန်၊ ကုန်သွယ်ရေး တိုးမြှင့်ရန်နှင့် စိုက်ပျိုးရေးကဏ္ဍ ပိုမိုပူးပေါင်းဆောင် ရွက်ရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ် များတွင် ပူးပေါင်း ဆောင်ရွက်သွားရန် တို့ကို ခင်မင်စွာ ရင်းနှီးစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်၊ သံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗီယက်နမ်သမ္မတနှင့် အတူ ဗီယက်နမ်အစိုးရအဖွဲ့ရုံးဝန်ကြီး မစ္စတာ ဒါအော့ဗီယက်ကျုံး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး မစ္စတာ ဒန်းဒင့်ကွီ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး မစ္စတာ ဒေါ့ထန်ဟိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment