Monday, November 27, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ သည် ရှန်ကျန်းမြို့ ဖွံ့ဖြိုးတိုးတက်လာမှု အဆင့်ဆင့်ပြခန်းများအား လှည့်လည် ကြည့်ရှုလေ့လာခဲ့ပြီး ညနေပိုင်းအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိ


နေပြည်တော် နိုဝင်ဘာ ၂၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးမြို့၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ သည် ယမန်နေ့ မွန်းလွဲပိုင်းက ကွမ်ကျိုးဘူတာမှတစ်ဆင့် ရှန်ကျန်းဘူတာသို့ ကျည်ဆန် ရထားဖြင့် လိုက်ပါစီးနင်း လေ့လာကြသည်။

ထို့နောက် ရှန်ကျန်းမြို့ရှိ Lotus Hill Park အတွင်း လှည့်လည်ကြည့်ရှု လေ့လာပြီး Lotus Hill Park အတွင်းရှိ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် ပုံတူအမှတ်တရ ရုပ်တုရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် Shenzhen Museum သို့ ရောက်ရှိကြပြီး ပြတိုက်အတွင်း ပြသထားသည့် ရှန်ကျန်းမြို့ ဖွံ့ဖြိုးတိုးတက်လာမှု အဆင့်ဆင့်ပြခန်းများအား လှည့်လည် ကြည့်ရှုလေ့လာကြသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရှန်ကျန်းမြို့ရှိ ပေါင်အမ်းလေဆိပ်မှ ပြန်လည် ထွက်ခွာကြပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Hong liang နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment