Monday, October 2, 2017

WFP နှင့် ICRC တို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်လျက်ရှိ

အောက်တိုဘာ ၂ ၊ ၂၀၁၇
ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) စစ်တွေမှ ထောက်ပံ့ရိက္ခာ ပဲထောပတ် (၂၁၆၀) အိတ်၊ ၁၀၈ တန် တင်ဆောင်လာသည့် မော်တော်ယာဉ်(၁၀)စီးသည် စက်တင်ဘာ ၃၀ ရက် နံနက် ၉နာရီ ၂၅မိနစ်တွင် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့သို့ ရောက်ရှိခဲ့ပြီး နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် စစ်တွေမြို့ ရွာကြီး တောင်ရပ်ကွက်ရှိ WFP ဂိုဒေါင်သို့ ပို့ဆောင်ပေးခဲ့သည်။

အလားတူ မွန်းလွဲ ၂နာရီခွဲတွင် WFP ထောက်ပံ့ရေး ရိက္ခာပစ္စည်းများအား IDP Camp များသို့ ပို့ဆောင်ရန် စစ်တွေမြို့၊ ရေကြောင်းညွှန်ကြားမှူးဦးစီးဌာနဆိပ်ကမ်းမှ စက်လှေဖြင့် တင်ဆောင်၍ မင်းပြားနှင့် မြောက်ဦးသို့ထွက်ခွာလာခဲ့ရာ အောက်တိုဘာ ၁ ရက်နေ့ နံနက် ၇ နာရီခွဲတွင် မင်းပြားမြို့နယ် ရှိ အောင်တိုင်ဘင်္ဂါလီကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဆန် ၁၃၆ အိတ်၊ ပဲခြမ်း ၈ အိတ်၊ ဆီ ၃၅ ဖာ၊ ဆား ၁ အိတ်နှင့် အာဟာရမှုန့် ၃၆ ဖာတို့အား ရာအိမ်မှူး ဂျာကေထံသို့ လည်းကောင်း၊ နေ့လည် ၁၁ နာရီ မိနစ်၂၀တွင် မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာသို့ ရောက်ရှိကာ ဆန် ၃၅၄ အိတ်၊ ပဲခြမ်း ၂၃ အိတ်၊ ဆီ ၅၄ ဖာ၊ ဆား ၃ အိတ်၊ အာဟာရမှုန့် ၂၀ ဖာတို့အား ရာအိမ်မှူး မောင်မောင်ဇော် (ခ) ပါဒူရှားထံသို့ လည်းကောင်း၊ ညနေ ၄ နာရီ ၁၀မိနစ်တွင် သရက်အုပ် ဘင်္ဂါလီကျေးရွာသို့ ရောက်ရှိပြီး ဆန် ၂၈၄ အိတ်၊ ပဲခြမ်း ၁၉ အိတ်၊ ဆီ ၄၄ ဖာ၊ ဆား ၃ အိတ်၊ အာရဟာမှုန့် ၆၇ ဖာတို့အား ရာအိမ်မှူး နူမာထံသို့လည်းကောင်း အသီးသီး ပေးအပ်ခဲ့သည်။
အလားတူ စစ်တွေမြို့ ရွှေမင်းဂံလမ်းကျေးတောကျေးရွာအနီး ICRC ဂိုဒေါင်မှ ထောက်ပံ့ပစ္စည်း များအား မောင်တောဒေသရှိ နေရပ်စွန့်ခွာတိုင်းရင်းသားများကို ထောက်ပံ့ပေးရန် ညနေ ၄နာရီတွင် မော်တော်ယာဉ် ၆ စီးဖြင့် ထွက်ခွာခဲ့ရာ ညနေ ၄ နာရီ ၂၀ မိနစ်တွင် ရွှေမင်းဂံဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး မော်တော်ယာဉ် ၆ စီး အနက် ၄စီး ပေါ်မှပစ္စည်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလျက် ရေယာဉ်ဖြင့် ဘူးသီးတောင်ဆိပ်ကမ်းသို့ ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို Red Cross Movement ဖြင့် ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံရခိုင်တိုင်းရင်းသားများ၊ ဘင်္ဂါလီလူမျိုးများ၊ ဟိန္ဒူဘာသာဝင်များ၊ မြိုနှင့် ဒိုင်းနက်ကဲ့သို့သော ဌာနေတိုင်းရင်းသားများအားလုံးကို ထောက်ပံ့ကူညီလျက်ရှိကြောင်း သိရှိရသည်။ သြဂုတ်လ ၂၅ ရက်နေ့တွင် အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများကို သြဂုတ်လ ၂၇ ရက် နေ့မှစတင်၍ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment