Tuesday, October 31, 2017

တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (၁၃)ကြိမ်မြောက် အစည်းအဝေးကျင်းပ

မြိတ် အောက်တိုဘာ ၃၁
တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (၁၃) ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာလ(၃၀)ရက် နေ့လယ်()နာရီက မြိတ်မြို့ ရေပုန်းနယ်မြေ အောင်ချမ်းသာရပ်ကွက်၊ နတ်စင်လမ်းရှိ JMC-S ရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးကို တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S ဥက္ကဌ  ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်မှ အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး JMC-S ဒုတိယ ဥက္ကဌ-၁ မြိတ်-ထားဝယ်ခရိုင် တရားစီရင်ရေးတာဝန်ခံ ဗဒိုဘီးလယ်နှင့် JMC-S ဒုတိယဥက္ကဌ-၂ နော်မေးဒြက် တို့က နတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ကြသည်။
အစည်းအဝေးတွင် တက်ရောက်လာကြသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ၊ တိုင်စာများနှင့် ပတ်သက်၍လည်းကောင်း၊ (၁၂)ကြိမ်မြောက် JMC-S ၏ အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်ထည်ဖော် ဆောင်ရွက်မှုနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြပြီး နိုဝင်ဘာလ () ရက်နေ့မှ ()ရက်နေ့အထိ ကျင်းပမည့် အရပ်သားကိုယ်စားလှယ်များ အလုပ်ရုံဆွေးနွေးပွဲနှင့် လူထုဟောပြောပွဲပြုလုပ်မည့် နေ့ရက်နှင့် နေရာသတ်မှတ်ရေးတို့ကို ဆွေးနွေးခဲ့ကြကာ ကော်မတီဒုတိယဥက္ကဌများနှင့် ဥက္ကဌတို့က နိဂုံးချပ် အမှာစကား ပြောကြားခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (၁၃)ကြိမ်မြောက် အစည်းအဝေးသို့ ကော်မတီဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)

No comments:

Post a Comment