Tuesday, October 31, 2017

မြိတ်ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ဖွင့်လှစ်ခဲ့သည့် မြန်မာမှုဒီဇိုင်း လက်တွေ့ရေးဆွဲနည်း သင်တန်းဆင်း

မြိတ် အောက်တိုဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် လူငယ်များ အသက် မွေးဝမ်းကျောင်းပညာ အလွယ်တကူသင်ယူနိုင်ရေး၊ သင်ကြားပေးသည့်ပညာရပ်များဖြင့် မိမိဘ၀ အသက်မွေးဝမ်းကျောင်း များ လုပ်ငန်းဆောင်ရွက်နိုင်ရေး၊ လူငယ်များ၏ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ()ရက်ကြာ ဖွင့်လှစ်ပေးခဲ့သည့် မြန်မာမှုဒီဇိုင်းလက်တွေ့ရေးဆွဲ နည်းသင်တန်းကို အောက်တိုဘာလ(၃၀)ရက် ညနေ()နာရီက သင်တန်းဆင်းခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်ခင်ဝင်းကြည်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်သက်စုဝေအား အမှတ်တရလက်ဆောင်နှင့် သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
သင်တန်းကို အောက်တိုဘာလ (၂၃)ရက်မှ (၂၉) ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့ကာ သင်တန်းသား/သူ (၅၀)ဦး တက်ရောက်ခဲ့ကြ၍ မြန်မာမှုဒီဇိုင်းအတတ်ပညာ၊  ဒီဇိုင်းအသုံးချပညာရပ်များ၊ လက်တွေ့ရေးဆွဲခြင်း ပညာရပ်များကို သင်ကြားပေးခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက် )

No comments:

Post a Comment