Tuesday, October 31, 2017

မိုးစပါး (၃) မျိုး ယှဉ်​ပြိုင်​စမ်းသပ်​ကွက်​ကွင်း သရုပ်​ပြပွဲနှင့်​​ ဆွေး​နွေးပွဲကျင်းပ

နတ်​​မောက် အောက်တိုဘာ ၃၁
ကွေးတိုင်ဒေသကြီး နတ်​​မောက်မြို့၌ မိုးစပါး(၃)မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်ကွင်း သရုပ်ပြပွဲနှင်ဆွေးနွေးပွဲကိုအောက်တို ဘာ ၃၁ ရက်နံနက်၁၁ နာရီခွဲအချိန်က နတ်​​မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်းအတွင်းကွင်းအမှတ်၄၇၆ ကွင်း တွင်ကျင်းပခဲ့သည်

အဆိုပါ ကွင်းသရုပ်ပြပွဲနှင်ဆွေးနွေးပွဲသို့နေပြည်​​တော်အပင်ဇီဝနည်းပညာဌာနခွဲ ဦးစီးအရာရှိ ဦးသောင်းထွန်းက စိုက်ပျိုးထားသောရွှေနံ့သာပေါ်ဆန်း(၁)၊ရွှေနံ့သာပေါ်ဆန်း(၂)နှင်ရွှေဝတ်မှုံ စပါးမျိုးသစ်များ၏ အရည်အချင်း လက္ခဏများအား ရှင်းလင်းခြင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကြည်မြင့်က အဆိုပါစပါး(၃)မျိုးအား မိမိတို့ဒေသနှင့် ကိုက်ညီသည့် စပါးမျိုးများဖြစ်​​ကြောင်း ရှင်းလင်ပြောကြားခဲ့သည်။ ဆက်လက်၍ တက်​​ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်​​ရေးမှူးများ၊ စပါးစိုက်​​တောင်သူများနှင့် ဖိတ်ကြားထားသည့် ဧည်သည်တော်များအား ရွှေနံ့သာပေါ်ဆန်း ၁ နှင့် ၂ စပါးစိုက်ခင်းနှင်ရွှေဝတ်မှုံစပါး စိုက်ပျိုးထားသော စိုက်ခင်းများအား မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူးက လိုက်လံပြသရှင်းလင်းခဲ့ကြောင်း သိရသည်

(မြို့နယ် ပြန်/ဆက်)

No comments:

Post a Comment