နေပြည်တော် အောက်တိုဘာ ၂
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ
ပေါလစ်ဗျူရိုကော်မတီအဖွဲ့ဝင်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး H.E.
General Ngo Xuan Lich ဦးဆောင်သော ကိုယ်စား လှယ် အဖွဲ့အား ယနေ့မွန်းလွဲ ၃နာရီခွဲတွင်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု
တိုးမြှင့်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊
နှစ်နိုင်ငံ အကြား ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင် ရေးနှင့် မြန်မာနိုင်ငံ၌
ရင်းနှီးမြှုပ်နှံရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးကျော်တင်၊ သမ္မတရုံး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး
ဧည့်သည် တော် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ပေါလစ်ဗျူရိုကော်မတီအဖွဲ့ဝင်နှင့် အမျိုးသား
ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာ နိုင်ငံ
ဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E.Dr.Luan Thuy Duong လည်း တက်ရောက်သည်။
No comments:
Post a Comment