မိုင်းဖြတ် အောက်တိုဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင်
စတုတ္ထအကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဝင်္ကပါမီးထွန်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ
၁ ရက် ညနေ ၅ နာရီက ကွက်သစ်ရပ်ကွက်ရှိ စိတ္တသုခကျောင်းတိုက်၊ ကျောင်းဝင်း၌ စည်းကား သိုက်မြိုက်စွာဖြင့်
ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍
ကွက်သစ်ရပ်ကွက်၊ စိတ္တသုခကျောင်းတိုက် ဆရာတော်ဦးဓမ္မဝံသထံမှ ငါးပါးသီလခံယူဆောက်တည်၍
တစ်ဦးချင်းအလှူရှင်များမှ(၂၈)ဆူသောဘုရား ဆင်းတုတော်များအား ဝင်္ကပါအတွင်းသို့ ပင့်ဆောင်ခဲ့ကြသည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ
ကွက်သစ်ရပ်ကွက် စိတ္တသုခကျောင်းတိုက် ဆရာတော်ဦးဓမ္မဝံ၊ အမှတ် (၂၂၁)ခြေလျင်တပ်ရင်းမှ
တပ်ရင်းမှူး ရန်နောင်စိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ ကွက်သစ်ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက်မီးရှူးမီးပန်းများကို
ပစ်ဖောက်ခဲ့ကြပြီး ပွဲတော်သို့ လာရောက်လည်ပတ်ခဲ့ကြသည့် ပရိသတ်များက ပျော်ရွှင်စွာဖြင့်
ဝင်္ကပါအတွင်း ဆီမီးများပူဇော်ထွန်းညှိခဲ့ကြသည်။
“အဆိုပါဝင်္ကပါပွဲတော်ကြီးကို
ကျင်းပပြုလုပ်တာဖြင့် ယခုနှစ်ဆိုရင် စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး ပွဲတော်ကို အောက်တိုဘာလ၁ရက်
(သီတင်းကျွတ်လဆန်း(၁၁)ရက်) မှစ၍ အောက်တိုဘာလ ၅ရက် (သီးတင်းကျွတ်လပြည့်နေ့) အထိ ၅ ညတိုင်တိုင်
စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း” ဆရာတော်ဦးဓမ္မဝံသထံမှ သိရသည်။
မိုင်းဖြတ်
(ပြန်/ဆက်)
No comments:
Post a Comment