Tuesday, October 3, 2017

မန္တလေးခရိုင် (Community Centre)တွင် "နှလုံးသားတစ်ဖက်ကမ်းမှ ပဲ့တင်သံ ကဗျာများ" စာအုပ် မိတ်ဆက်ပွဲ ကျင်းပ




မန္တလေး    အောက်တိုဘာ ၂
"နှလုံးသားတစ်ဖက်ကမ်းမှ ပဲ့တင်သံကဗျာများ" စာအုပ် မိတ်ဆက်ပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းရှိ မန္တလေးခရိုင် (Community Centre ) ခန်းမတွင် အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးထိန်ဝင်းမွန်(အနီမောင်)က မုဒိတာ စကား ပြောကြားခဲ့သည်။ ထို့နောက် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စောလပြည့်ဝင်း က (Community Centre) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ကဗျာရေးသူ ဆရာဦးလှဝေ(ရွှေကူ-မောင်လူသစ်) မှ ကဗျာစာအုပ်နှင့်ပတ်သက်၍ မိတ်ဆက် ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် တက်ရောက်လာသော စာရေးဆရာ၊ ကဗျာဆရာများ မှ   (ရွှေကူ-မောင်လူသစ်) ၏    "နှလုံးသားတစ်ဖက်ကမ်းမှ ပဲ့တင်သံကဗျာများ" အား ရွတ်ဖတ် ဂုဏ်ပြုခဲ့ကြသည်။ ဆက်လက်ပြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲသို့ မန္တလေးခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ နှင့် ဝန်ထမ်းများ၊ ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ နှင့် စာရေးဆရာများ၊ ကဗျာဆရာများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment