မိုးကုတ် အောက်တိုဘာ
၂
၂၀၁၇
- ၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၁၀၀၀)
အား ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာရပ်ကွက် /ကျေးရွာအုပ်စုများသို့ ရန်ပုံငွေ ပေးအပ်ပွဲကို အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း (၁)နာရီက မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ
ရန်ပုံငွေပေးအပ်ပွဲကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံကျော်၊ တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူး ၊ မြို့နယ်အဆင့်
ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြပြီး
ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများသို့
ရန်ပုံငွေများ ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်မျိုးထိုက်
( ပြင်ဦးလွင် )

No comments:
Post a Comment