စစ်ကိုင်း၊အောက်တိုဘာ ၂
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်
ရင်သွေးရတနာ ကိုယ်ပိုင်မူလတန်း ကျောင်း တို့ ပူးပေါင်းကျင်းပသည့် မူလတန်းအဆင့် ကဗျာရွတ်၊
ပန်းချီ၊ စက္ကူခေါက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ(၂)ရက် မွန်းလွဲ(၁)နာရီက
ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆံရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင်ခရိုင်ပြန်ကြားရေး
နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဦးညီညီဇော်က ပြိုင်ပွဲကျင်းပ ပေးရသည့်အကြောင်းရင်းကို
ရှင်းလင်းပြောကြားပြီး ပြိင်ပွဲကိုကျင်းပပေးရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် သွေးချင်းတို့ကပွဲသဘင်၊
ဂုဏ်ပြုကြစို့၊ ဥပုဒ်စောင့်၊ ပန်းသည်၊ ကပွဲ၊ သပြေသီးကောက် ကဗျာများကို ပြိုင်ပွဲဝင်(၆)ဦး၊
ပန်းချီပြိုင်ပွဲတွင် သီတင်းကျွတ်မီးထွန်းပွဲတော် ခေါင်းစဉ်နှင့် ပေးထားရာ(၂၃)ဦး၊ စက္ကူခေါက်ပြိုင်ပွဲတွင်
ပြိုင်ပွဲဝင်(၁၃)ဦး စုစုပေါင်း(၄၂)ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်၊
ဆက်လက်၍ ဆုရရှိသူများကို
ပြိုင်ပွဲဝင်ကဏ္ဍအလိုက်ဆုပေါင်း(၁၈)ဆုကို တာဝန်ရှိသူ အသီးသီးက ချီးမြှင့်ပေးအပ်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိက
ရင်သွေးရတနာ ကိုယ်ပိုင်မူလတန်းကျောင်း စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ထောက်ပံ့ပေးအပ်ရာ
ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားထားဦးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်၊
ထို့နောက် ပြိုင်ပွဲလာ ကျောင်းသား/သူများအား ဗလာစာအုပ် တစ်အုပ်နှင့် ခဲတံတစ်ချောင်းစီ
အမှတ်တရပေးအပ်ကာ အာဟာရ ဖြစ်စေရန်အတွက် နွားနို့နှင့်မုန့်များတိုက်ကျွေး ခဲ့ကြပြီး
အခမ်းအနားအပြီးတွင် ကျောင်းသား/သူများက စာကြည့်တိုက်ရှိ ကလေး စာဖတ်ခန်းတွင် ဝင်ရောက်လေ့လာ
ဖတ်ရှုခဲ့ကြသည်ကိုသိရသည်။
အဆိုပါပြိုင်ပွဲတွင် စာရေးဆရာများဖြစ်သည့်
ဦးရဲထွဋ်(မောင်မျက်ရှင်)၊ ဦးဇော်နောင်ဟိန်း (ဂစ်တာ)နှင့် ဦးဝင်းမြင့်ကျော် (တောချောင်းဦး) တို့က အမှတ်ပေး ဒိုင်များအဖြစ်ဆောင်ရွက်ပေးခဲ့ကြပြီး
ပြိုင်ပွဲဝင် ကဏ္ဍအလိုက် အမှတ်ပေးစည်းကမ်း များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး
အခမ်းအနားသို့ ဆရာ/မများ၊ ကျောင်းသားမိဘများ
ကျောင်းသား/သူများ လာရောက်အားပေး ခဲ့ကြကြောင်း သိရသည်။ မျိုးဝင်း (စစ်ကိုင်း)

No comments:
Post a Comment