အမရပူရ အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီး၊
အမရပူရမြို့နယ်ရှိ စွယ်တော်မြတ်စေတီတော် ဘုရားဝင်းအတွင်း၌ ကျင်းပပြု လုပ်သော စွယ်တော်မြတ်စေတီတော်(မန္တလေး)၏
၁၆ ပြည်ထောင် ဆီမီး(၉၀၀၀) မီးဝင်္ကပါ အကြိုထွန်းညှိပူဇော်ပွဲကို အောက်တိုဘာ ၂ ရက် ညပိုင်းက
လာရောက်ကြည့်ရူ့သူများ စည်ကားလျက်ရှိကြောင်း သိရသည်။
"စွယ်တော်မြတ်စေတီတော်(မန္တလေး)၏
၁၆ ပြည်ထောင် ဆီမီး(၉၀၀၀) မီးဝင်္ကပါ ထွန်းညှိပူဇော်ပွဲကြီးကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ
မြေနီကျင်းကျောင်းတိုက် ပဓါန နာယက ဆရာတော် ဘဒ္ဒန္တ ကောဝိဒထံမှ သြဝါဒ ခံယူပြီး စွယ်တော်မြတ်စေတီတော်
(မန္တလေး) ဂေါပကအဖွဲ့ မှ ဦးဆောင်ကာ ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း၊ လာရောက်ကြည့်ရူ့သူများ
စည်ကားလျက်ရှိကြောင်း၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အနေဖြင့် ယခုလို ဆီမီးပူဇော်ပွဲများ
ကျင်းပခြင်းဖြင့် နောင်မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်း အမွေပေးခြင်း ဖြစ်ကြောင်း၊
ယခုလို မီးဝင်္ကပါပွဲတော်ကြီး ဆောင်ရွက်နိုင်အောင် ဂေါပကအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍
(၇) ရက် တိုင်တိုင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ရကြောင်း၊ ဆီမီး(၉၀၀၀) မီးဝင်္ကပါထွန်းညှိပူဇော်ပွဲကို
ပြည်သူများ အနေဖြင့် စွယ်တော်မြတ်စေတီတော် ဘုရားဖူးရင်း မိမိတို့ကိုယ်တိုင် ထွန်းညှိကပ်လှူပူဇော်နိုင်ကြောင်း
" စွယ်တော်မြတ် စေတီတော် ဂေါပကအဖွဲ့ နာယက ဦးလှဝင်းက ပြောကြားသည်။
"စွယ်တော်မြတ်စေတီတော်(မန္တလေး)၏
၁၆ ပြည်ထောင် ဆီမီး(၉၀၀၀) မီးဝင်္ကပါ ထွန်းညှိပူဇော်ပွဲကြီးကို သီတင်းကျွတ်လဆန်း(၁၁)
ရက်မှ သီတင်းကျွတ်လပြည့်ကျော်(၁) ရက် နေ့ထိ(စက်တင်ဘာ ၁ ရက် မှ ၆ ရက်ထိ) ကျင်းပ သွားမည်ဖြစ်ကြောင်း၊
ပထမဆုံးအကြိမ်ဖြစ်ပြီး ထူးခြားတဲ့ပွဲတော် တစ်ခု ဖြစ်တဲ့အတွက် ပြည်သူများ လာရောက် လေ့လာကြည့်ရူ့သင့်ကြောင်း၊
နှစ်စဉ်နှစ်တိုင်း ကျင်းပနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သီတင်းကျွတ်လပြည့်နေ့တွင်
စွယ်တော်မြတ်စေတီတော် ရင်ပြင်တော်ပေါ်တွင် ဆီမီး(၉၀၀၀)နှင့် ဘုရားဝင်း အတွင်းရှိ မီးဝင်္ကပါပူဇော်ပွဲတွင်
ဆီမီး(၉၀၀၀) နှစ်နေရာကပ်လှူပူဇော်သွားမည် ဖြစ်ကြောင်း၊ လပြည့်နေ့မှာပဲ အမရပူရအရှေ့ခြမ်းရှိ
ကျေးရွာ အုပ်စု (၁၈) အုပ်စု မှ ဝတ်ရွတ်အသင်း (၁၈)သင်း၊ ကျေးရွာများမှ ဖျော်ဖြေရေး ယာဉ်များဖြင့်
စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း’’ စွယ်တော်မြတ်စေတီတော် ဂေါပကအဖွဲ့ဝင်
ဦးအောင်ညွန့်က ပြောကြားသည်။
စွယ်တော်မြတ်စေတီတော်(မန္တလေး)၏
၁၆ ပြည်ထောင် ဆီမီး(၉၀၀၀) မီးဝင်္ကပါ ထွန်းညှိပူဇော်ပွဲကြီးကို စက်တင်ဘာ (၁) ရက် မှ
(၆) ထိ နေ့စဉ် ညနေ ၅ နာရီ ခွဲမှ စတင်၍ ထွန်းညှိပူဇော်သွားမည်ဖြစ်ပြီး ပြည်သူများ အနေဖြင့်
မိမိတို့ ကိုယ်တိုင်လာရောက်၍ ဆီမီးများ ထွန်းညှိ ပူဇော်နိုင်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)
No comments:
Post a Comment