Thursday, October 26, 2017

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးတင်ပြခြင်း အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၆
အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ "မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လက်ရှိရင်ဆိုင်နေရသော အခက်အခဲများကို ဆွေးနွေးတင်ပြခြင်း" အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် အမျိုးသားလွှတ်တော် (J) ဆောင်၊ ထမင်းစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှဥက္ကဋ္ဌ ဦးဇင်ဝိုင်းနှင့် တာဝန်ရှိသူများက မြန်မာ့ရုပ်ရှင်လောကနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြရာ လွှတ်တော် ကိုယ်စားလှယ်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်သည်။

(သတင်းစဉ်)

No comments:

Post a Comment