Thursday, October 26, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် မြန်မာ့လယ်ယာ သား ငါး ထွက်ကုန်များအတွက် ဈေးကွက်ရရှိနိုင်ရေးဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr. Kristian Schmidt နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် မြန်မာ့လယ်ယာ သား ငါး ထွက်ကုန်များအတွက် ဈေးကွက်ရရှိနိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment