Friday, October 27, 2017

ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထားဆောင်ရွက်နေမှုများ ဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၂၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး မစ္စ ရီနားတား နီကိုလာလော့ဒ် ဒက်ဆဲလ် လီယန်အား ယနေ့နံနက်ပိုင်းတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကို အလေးထားဆောင်ရွက်မှု အခြေအနေများ၊ ကုလသမဂ္ဂအနေနှင့် မျှတစွာရပ်တည်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲမှုအခြေအနေအရပ်ရပ်ကို များစွာအထောက်အကူပြုနိုင်သည့် အခြေအနေများအပေါ် အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment