ရန်ကုန်တောင်ပိုင်းခရိုင်
သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စု၊ ကညင်ပင်ကျေးရွာ(၂)လမ်းရှိ ဦးမောင်ဇော်+ဒေါ်ရင်ထိုက်တို့၏
နေအိမ်တွင် အောက်တိုဘာ ၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က မီးအားမြှင့်စက် အပူလွန်ကဲမှုဖြစ်ပွားရာမှ
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ အချိန်မီ ရောက်ရှိကူညီ
ခဲ့ပြီး တောင်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် မီးသတ်တပ်ဖွဲ့ဝင်
၂၅ ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၃၀ဦး၊ နယ်မြေခံ တပ်မတော်သားများ ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
ကြက်ခြေနီတပ်ဖွဲ့နှင့် ကျေးရွာပြည်သူများက မီးသတ်ယာဉ် ၅စီးနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ
နံနက် ၉ နာရီမိနစ် ၅၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့်
၁၀ပေ × ပေ၄၀ အုပ်ညှပ်အိမ်နှင့် အနီးရှိ ပေ ၃၀×ပေ၄၀ အိမ်သို့လည်း မီးကူးစက်လောင်ကျွမ်းခဲ့ပြီး သန်လျင်မြို့မ
ရဲစခန်းမှ မီးပေါ့ဆမှု့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


No comments:
Post a Comment