Tuesday, October 31, 2017

ကျေးလက်ရေပေးဝေရေးလုပ်ငန်း စက်ရေတွင်းတူးဖော်နေမှုအား ကွင်းဆင်းစစ်ဆေး

မော်လိုက် အောက်တိုဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသည့် သောက်သုံးရေများ ဖူလုံစွာရရှိနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုရံပုံငွေ ကျပ် (၁၅.၂) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဇီးကုန်းအုပ်စု၊ အင်းတပေါင်းကျေးရွာတွင် တူးဖော်လျက်ရှိသော အနက် ပေ (၄၀၀) ရှိ ၄ လက်မ စက်ရေတွင်း တူးဖော်နေခြင်း လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး မော်လိုက်ခရိုင် ကျေးလက်ဦးစီးမှူး ဦးအောင်လွင်၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးဟန်မင်းဆွေတို့သည် အောက်တိုဘာ ၃၀ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ရေတွင်းတူးဖော်ခြင်းတွင် ဂါလံ (၂၄၀၀) ဆံ့ ကွန်ကရစ် ရေစင်နှင့် ရေကန်၊ ရေစက်ရုံ တို့ပါရှိပြီး ပြီးစီးပါက ၎င်းကျေးရွာရှိ အိမ်ခြေ(၁၂၁)အိမ် လူဦးရေ(၆၁၆)ဦးအတွက် သန့်ရှင်းသည့် သောက်သုံးရေများ ဖူလုံစွာ ရရှိနိုင်ရေး ဖြန့်ဝေပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)

No comments:

Post a Comment