မုံရွာ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊
မုံရွာမြို့နယ်၊ သာစည်ကျေးရွာ မဟာစေတီလှဘုရားပွဲကြီးတွင် နှစ်စဉ်ကျင်းပ မြဲဖြစ်သော
မီးပုံပျံလွှတ်ပွဲကို အောက်တိုဘာလ(၅)ရက်နေ့ (သတင်းကျွတ်လပြည့်နေ့) နံနက်(၉)နာရီက မဟာစေတီလှဘုရားဝင်း
အတွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မီးပုံးပျံလွှတ်ပွဲတော်ကျင်းပရခြင်းနှင့်
ပတ်သက်ပြီး ''သာစည်ကျေးရွာ မဟာစေတီလှဘုရားကြီးပွဲတော်က နှစ်စဉ် သတင်းကျွတ်လပြည့်နေ့ဆို
ကျင်းပတာ၊ အဲဒိဘုရားပွဲတော်မှာ အစဉ်အဆက်မီးပုံပျံလွှတ်ပွဲလည်း ထည့်ပြီး ကျင်းပတာပါ၊
ရှေးတုံးကတော့ ဘုန်းတော်ကြီးတွေက ဦးစီးပြီး မီးပုံပျံတွေကို လုပ်ကြတာ။ အခုနောက် ပိုင်းမှာတော့
ရပ်ရွာကလူကြီးတွေကနေပြီး ဦးစီးလုပ်လာကြတာ အခုခေတ်အနေနဲ့ မီးပုံးပျံတစ်လုံးလုပ်ရင်
ငွေ (၂)သိန်းကျော်၊ သုံးသိန်း လောက်ကုန်တယ်၊ အခုမီးပုံးပျံကြီးအတွက် မှိုင်းခံစက္ကူ
(၁၂ဝဝ)ရွက်၊ မီးစာလုပ်ဖို့ ချည်ခင်(၁ဝ)ပိသာ၊ ပိတ်ဖြူစကိုက်(၅ဝ)၊ ရေနံချေး (၁ဝ)ပိသာကုန်တယ်၊
မီးပုံပျံကြီးကထိပ်ပိတ်အကျယ် (၁၈)တောင်၊အမြင့်(၁၁)တောင်ရှိတယ်၊ သာစည်နယ်ပိုင်(၆၄)ရွာ
အပြင် မုံရွာမြို့နယ်ထဲက ပါလာပြီး ဘုရားဖူးရင်း မီးပုံပျံလွှတ်ပွဲကို လာပြီးကြည့်ကြတယ်''
ဟုမီးပုံးပျံလွှတ်ပွဲ ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မုံရွာမြို့နယ်
သာစည်ကျေးရွာမဟာစေတီလှဘုရားပွဲနှင့်အတူ သာစည်ကျေးရွာနယ်ပိုင် (၆၄)ရွာက ရွာသူရွာသားများက
မိမိတို့စိုက်ပျိုးသည့် သီးနှံတွေအောင်မြင်ဖြစ်ထွန်းရန်အတွက် ဘုရားကြီးရင်ပြင်တော်တွင်
ပက်ဖျန်းတဲ့ အလေ့အထလည်း လုပ်ဆောင်ကြပြီး မီးပုံးပျံလွှတ်ပွဲတော်အား
နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)
No comments:
Post a Comment