စစ်ကိုင်း အောက်တိုဘာ
၅
လျှပ်စစ်ဓာတ်အား
သုံးစွဲသည့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လေလွင့်ဆုံးရှုံးမှု နည်းပါးစွာဖြင့်
လျှပ်စစ်ဗို့အား အပြည့်အဝ သုံးစွဲနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ
ရွှေမင်းဝံရပ်၊ ချင်းစုရပ်၊ ဇေယျာတိုးချဲ့ရပ်၊ ပန်းပဲတန်းရပ် ကန္နားတောင်ရပ်ကွက်နှင့်
အုတ်စက်တောင် ရပ်ကွက်တို့တွင် စစ်ကိုင်းမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ
အဆင့်မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
''
အခုလုပ်ဆောင်တဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ADB ချေးငွေနဲ့
လုပ်ဆောင်တာပါ၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းလုပ်တဲ့
ရပ်ကွက်(၆)ခုမှာလက်ရှိ အသုံးပြုနေတဲ့ လျှပ်စစ်လိုင်းကြိုးဓာတ်တိုင်တွေ၊ သစ်သားလက်တန်းတွေက
သုံးစွဲမှုအချိန်ကြာမြင့်လာတဲ့အတွက် ဓာတ်အားအပြည့်အဝပို့လွှတ်နိုင်ခြင်း မရှိတဲ့အပြင်
လျှပ်စစ်အန္တရာယ် ပါရှိလာနိုင်တဲ့အတွက် အဆင့်မြှင့်တင်တပ်ဆင်ပေးတာပါ၊ လုပ်ငန်းအားလုံးပြီးစီးသွားရင်တော့
လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာနဲ့ ဗို့အားအပြည့်အဝ သုံးစွဲနိုင်တော့မှာပါ '' ဟုစစ်ကိုင်းတိုင်းဒေသကြီး
လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
လျှပ်စစ်ဓာတ်အားလိုင်းများ
အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို စစ်ကိုင်းမြို့ရှိ ရပ်ကွက်(၆)ခုတွင် လက်ရှိအသုံးပြုလျက်ရှိသော
(၄ဝဝ)ဗို့ဓာတ်အားလိုင်းတွင် တပ်ဆင်ထားသော အရှည် (၂၄)ကီလိုမီတာရှိ ACSR35 mm2 လိုင်းကြိုး၊
သစ်သားဓာတ်တိုင်၊ သစ်သားလက်တန်းများ၏ နေရာတွင် ကွန်ကရစ်ဓာတ်တိုင်၊ သံလက်တန်း၊ ABC
Cable ကြိုးများဖြင့် ပြောင်းလဲတပ်ခြင်းကိုADB ချေးငွေကျပ်သန်း (၅ဝဝ)ခန့်ဖြင့် လုပ်ဆောင်ပေးလျက်ရှိရာ
ယခုနှစ်စက်တင်ဘာလ ဒုတိယပတ်အတွင်း စတင်အကောင်အထည်ဖော် လုပ်ကိုင်လျက်ရှိပြိး(၂ဝ၁၈)ခုနှစ်ဖေဖော်ဝါရီလအတွင်း
လုပ်ငန်းအားလုံးအပြီး လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)
No comments:
Post a Comment