မန္တလေး
အောက်တိုဘာ
၎
မန္တလေးတိုင်းဒေသကြီး၊
ပြည်ကြီးတံခွန်မြို့နယ်၊ (င) ရပ်ကွက် ၅၉လမ်း×၆၀လမ်းကြား၊ မင်းကြီးရန်နောင်လမ်း နှင့်
မင်းရဲကျော်စွာ လမ်းကြားရှိ အကွက်အမှတ် ညည/၄ ရပ်ကွက်တွင် အောက်တိုဘာလ ၄ ရက်နေ့ ည ၆ နာရီ ၄၀ မိနစ်ခန့် က မီးအားမြှင့်စက် အပူလွန်ကဲရာမှ
နေအိမ် (၅)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ည ၇ နာရီ ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း
သိရသည်။
မီးလောင်ရာသို့
အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးသတ်ယာဉ်(၃၀)စီး၊ သန္ဓေမီးသတ်(၃+၅၀)ဦး ၊အရန် မီးသတ်(၈၀)ဦးနှင့်
ရပ်ကွက်နေပြည်သူများ ၀ိုင်းဝန်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ
မီးလောင်မှုကြောင့် ပေ(၂၀×၃၀) ထရံကာ သွပ်မိုးအိမ်(၂)လုံး၊ ပေ(၁၀×၂၀) ထရံကာသွပ်မိုးအိမ်(၃)လုံး
မီးလောင်ကျွမ်းခဲ့ပြီး မီးစတင်လောင်ကျွမ်းသော နေအိမ် ပိုင်ရှင် ဦးလင်းထွန်းအောင် (ချောစုခင်အလှပြင်ဆိုင်)
အား ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ (ပ)၇၅၄/၂၀၁၇၊
ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)
No comments:
Post a Comment