အောက်တိုဘာ ၂ ၊ ၂၀၁၇
ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှဘင်္ဂါလီများသည်
စားဝတ်နေရေးအခက်အခဲ ကြောင့် လည်းကောင်း၊ လုံခြုံရေးအခြေအနေအရကျေးရွာတွင် လုံခြုံမှုမရှိဟု
ယူဆ၍လည်းကောင်း ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သို့ ရောက်ရှိနေသည့် ဘင်္ဂါလီများကထွက်ခွာရန်
ဆက်သွယ်ပြောဆိုခြင်းများကြောင့် လည်းကောင်း၊ ၎င်းတို့အုပ်စုသည် လူနည်းစုဖြစ်မည်ကို စိုးရိမ်သဖြင့်
တစ်ဖက်နိုင်ငံရှိ ၎င်းတို့ မျိုးနွယ်စု များထံ သွားရောက် လိုခြင်းကြောင့်လည်းကောင်း မိမိနေထိုင်သည့်
ကျေးရွာများမှ တစ်ဖက်နိုင်ငံသို့ သွားရောက်ရန် စက်တင်ဘာ ၂၆ ရက်မှ စတင်၍ ထွက်ခွာခဲ့ကြပြီး
နှစ်နိုင်ငံနယ်စပ်အနီးသို့ စုပြုံရောက်ရှိ လျက်ရှိသည်။
မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာနှင့်
သာယာကုန်းကျေးရွာကြားတွင် ဘူးသီးတောင်မြို့နယ် အတွင်းမှ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်မည့်
ဘင်္ဂါလီများ ရောက်ရှိနေကြောင်း သတင်းအရ မောင်တော ခရိုင် အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ
ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် များသည် အောက်တိုဘာ
၁ ရက်နေ့ နေ့လည် ၁၁နာရီတွင် သွားရောက် တွေ့ဆုံခဲ့သည်။
တိမ်းရှောင်ရောက်ရှိနေသည့် ဘင်္ဂါလီများအား
စားဝတ်နေရေးအခက်အခဲရှိပါက ဆန်၊ ဆီ၊ ဆား၊ ပဲ (၄) မျိုးကို ဒေသအတွင်းမှ နှစ်ဖက်လူအဖွဲ့အစည်းများကို
လူမျိုးဘာသာမရွေး ထောက်ပံ့ပေးနေကြောင်း၊ လုံခြုံ ရေးနှင့် ပတ်သက်၍လည်း ဒေသအတွင်း၌ အေးချမ်းတည်ငြိမ်ရေးအတွက်
ဆောင်ရွက်နေမှုများအား ရှင်းလင်း ပြောကြားပြီး မိမိတို့ဒေသ ရပ်ရွာဒေသများ၌ အေးချမ်းစွာပြန်လည်နေထိုင်၍
လုပ်ကိုင် စားသောက်ကြရန် အခက်အခဲရှိသည်များကို တတ်နိုင်သလောက် ပူးပေါင်း ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း၊ တွေ့ဆုံရှင်းလင်းပြောကြားခဲ့မှုအပေါ် ၎င်းတို့ဘက်မှ နားလည် သဘောပေါက်သော်လည်း
တစ်ဖက် နိုင်ငံသို့သာ ၎င်းတို့ကိုယ်ပိုင်ဆန္ဒဖြင့် သွားရောက်လိုကြောင်း ပြန်လည်တင်ပြကြသည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဂူတာပြင်ကျေးရွာမှ
ဘင်္ဂါလီ ၁၆၈ ဦးသည် စက်တင်ဘာ ၂၆ ရက်နေ့တွင် ရွာသစ်ကေကျေးရွာအနီး၌လည်းကောင်း၊ ရွှေထားကျေးရွာနှင့်
ဇင်ခါးမကျေးရွာတို့မှ ဘင်္ဂါလီ ၂၅၅ ဦး၊ တောင်ချောင်းကျေးရွာနှင့် ပေါက်တောကျေးရွာမှ
ဘင်္ဂါလီ ၂၈၁ ဦး၊ သိမ်တောင်ပြင်ကျေးရွာနှင့် ကာလီ ကျေးရွာတို့မှ ဘင်္ဂါလီ ၂၀၀ ဦးနှင့်
ဒုအိုးသည်မကျေးရွာတို့မှ ဘင်္ဂါလီ ၃၅ ဦးတို့သည် စက်တင်ဘာ ၂၇ ရက်နေ့တွင် လေယာဉ်ကွင်းကျေးရွာအနီးကမ်းစပ်၌လည်းကောင်း၊
တောင်ချောင်းကျေးရွာ၊ ဇင်ခါးမ ကျေးရွာ၊ ဘိုလီကျေးရွာနှင့် ငွေတောင်ကျေးရွာတို့မှ ဘင်္ဂါလီ
၈၉၅ ဦးတို့သည် စက်တင်ဘာ ၂၈ ရက်တွင် လေယာဉ် ကွင်းကျေးရွာအနီးကမ်းစပ်၌လည်းကောင်း၊ ဂူတာပြင်ကျေးရွာမှ
ဘင်္ဂါလီ ၅၃၀ ဦးတို့သည် စက်တင်ဘာ ၂၉ ရက်တွင် ပညောင်ပင်ကြီးနှင့် နယ်စပ်ခြံစည်းရိုးကြားတွင်လည်းကောင်း၊
ထပ်မံရောက်ရှိ လာသည့် ဘင်္ဂါလီ ၁၀၀၀၀ခန့်သည် လက်ဖွဲ့ကျကျေးရွာနှင့် ကွမ်းသီးပင်ကျေးရွာကြား
အနောက်ဖက် တောစပ် တို့တွင် တစ်ဖက်နိုင်ငံသို့ ထွက်ခွာရန် စုပြုံရောက်ရှိနေကြောင်း သိရှိရသည်။

No comments:
Post a Comment