Monday, October 2, 2017

ARSA အစွန်းရောက်အကြမ်းဖက်သမားများ မြေမြှုပ်သိုဝှက်ထားသည့် လက်လုပ်မိုင်းများတွေ့ရှိ


အောက်တိုဘာ ၂ ၊၂၀၁၇
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ARSA အစွန်းရောက် အကြမ်းဖက်သမားများ သိုဝှက် ထားသော လက်လုပ်မိုင်းများ တွေ့ရှိခဲ့သည်။

တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃၀ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်တွင်ရသေ့တောင်မြို့နယ် အထက်နန်းရာကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာရှိ ချုံပုတ်အတွင်းမှမသင်္ကာဖွယ် အပြာရောင်ပလတ်စတစ်ပုံး တစ်လုံးအားတွေ့ရှိခဲ့သည်။
၎င်းပလပ်စတစ်ပုံးအား စစ်ဆေးရာ ARSA အစွန်းရောက်အကြမ်းဖက်သမားများ သိုဝှက်ထားသော သံပိုက်ဖြင့်ပြုလုပ်ထားသည့်အလျား ၉ လက်မ၊ အချင်း ၄ လက်မခန့်ရှိ ဒေသန္တရ လက်လုပ်မိုင်း တစ်လုံးနှင့် အလျား၉ လက်မခွဲ၊ အချင်း ၂ လက်မခန့်ရှိ ဒေသန္တရလက်လုပ်မိုင်းတစ်လုံး၊ စုစုပေါင်း မိုင်းနှစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင် များသည် အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီမှစတင်၍ ညနေ ၃ နာရီအထိ မောင်တောမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးဆောင်ရွက်စဉ် မြဇင်ကျေးရွာရှိ မီးလောင်ထားသည့် နေအိမ်ခြံအတွင်း မြေသားများပွနေသည့် နေရာအား မသင်္ကာ၍ တူးဖော်ရှာဖွေခဲ့ရာ ARSA အစွန်းရောက် အကြမ်းဖက်သမားများ မြေကြီးအတွင်း စပါးခွံများအုပ်၍ ပလပ်စတစ်အဝါပုံး ၂ ပုံးဖြင့် မြှုပ်နှံထားသည့် လက်လုပ်မိုင်းများ ကိုတွေ့ရှိခဲ့သည်။
မြှုပ်နှံထားသည့် ပလပ်စတစ်အဝါပုံး ၂ ပုံးကို စစ်ဆေးရာ ARSA အစွန်းရောက် အကြမ်းဖက်သမားများ သိုဝှက်ထားသော အချင်း ၄ လက်မ၊ အရှည် ၆ လက်မခန့်ရှိ ဒေသန္တရ လက်လုပ်မိုင်း ၂ လုံးနှင့် အချင်း ၂လက်မ၊ အရှည် ၉ လက်မခန့်ရှိ ဒေသန္တရလက်လုပ်မိုင်း ၁၀ လုံး စုစုပေါင်းမိုင်း ၁၂ လုံး ၊ RE စာတမ်းပါ အဝေးထိန်းခလုတ် ၄ ခုနှင့် နှစ်ပင်လိမ် ဝါယာကြိုး ၁၂၅ ပေခန့် ၁ ခွေတို့ ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ သည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်မှုများဆောင်ရွက်လာခဲ့ရာတွင် သြဂုတ် ၂၅ ရက်မတိုင်မီ မိုင်းဖြစ်စဉ် ၁၃ ကြိမ်၊ သြဂုတ် ၂၅ ရက်နေ့နောက်ပိုင်း မိုင်းဖြစ်စဉ် ၇၅ ကြိမ်ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment