Wednesday, October 4, 2017

ဆားလင်းကြီးမြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးနှံပေး



ဆားလင်းကြီး    အောက်တိုဘာ   

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး (၄ဝ)ဦးအား အောက်တိုဘာလ (၄)ရက်နေ့ နံနက် (၉)နာရီတွင် ရာသီတုပ်ကွေးရောဂါ (H1N1)ကာကွယ်ဆေးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


''စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဒီမြို့နယ် မြေဇွန်းကျေးရွာက နေရာသီတုပ်ကွေးရောဂါ (H1N1)ပိုးကို စတင်တွေ့ခဲ့တာပါ၊ အဲဒီအတွက်လည်း အခုအချိန်အထိလည်း သတိပြုစောင့်ကြည့်နေကြတယ်၊ အသိပညာပေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတယ်၊ နောက်ပြီး မြို့နယ်အတွင်းမှာ ရောဂါဖြစ်ပွားမှုမရှိတော့ပေမဲ့ ကူးစက်နိုင်ခြေ အများဆုံးရှိတဲ့ အုပ်စုဖြစ်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ကာကွယ်ဆေးကို ထိုးနှံပေးတာပါ'' ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာတင့်လွင်က ပြောကြားခဲ့သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ရာသီတုပ်ကွေးရောဂါ (H1N1) ကာကွယ်ဆေးထိုးနှံပေးပွဲသို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment